ဒေးဗစ်မိုရက်ကတော့ ၀က်စ်ဟမ်းအသင်း၏ နည်းပြဖြစ်လာပါပြီ။ ၀က်ဟစ်မ်းအသင်းက နည်းပြ ဘီလစ်ကိုထုတ်ပြီး မိုရက်ကို အပ်ခဲ့တာပါ။ မိုရက်ကတော့ ပရီးမီးယားလိဂ်နှင့်မစိမ်းတဲ့ နည်းပြပါ။ ယခုအခါမှာတော့ ဒေးဗစ်မိုရက်က ၀က်စ်ဟမ်းမှာ မိမိကိုယ်ကို သက်သေပြသွားမယ်ဟု ပြောခဲ့ပါတယ်။ ဒါ့အပြင် ၀က်ဟမ်းပိုင်ရှင် ဆူလေဗန်က မိုယက်ကိုဝက်စ်ဟမ်းနည်းပြအဖြစ်ခန့့်အပ်ခဲ့တာဟာလောင်းကစားဆန်ဆန်စွန့်စားမှုလို့ဝန်ခံလိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းပိုင်ရှင်ဒေးဗစ်ဆူလီဗန်က "မိုယက်ကိုနည်းပြအဖြစ်ခန့်အပ်ခဲ့တာဟာလောင်းကစားဆန်ဆန်ပါပဲ။ ဒါပေမယ့်ရာသီကုန်မှာကျွန်တော်တို့ဘယ်နေရာမှာရှိနေမလဲဆိုတာစောင့်ကြည့်သွားရမှာပါ။ သူကျွန်တော်တို့ကိုဆွဲတင်နိုင်လိမ့်မယ်လို့ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့လာမည့်ရာသီအတွက်နည်းပြသစ်တစ်ဦိးကြိုတင်ခန့်အပ်ထားမှာမဟုတ်ဘူးဆိုတာကိုသူ့ကိုကတိပေးခဲ့ပါတယ်။ ဒါဟာသူ့ရဲ့အလုပ်ဖြစ်ပြီးဒါကိုဆုပ်ကိုင်နိုင်အောင်ကြိုးစားသွားရမှာပါ။ သူအတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုပါပဲ။”လို့ပြောပါတယ်။

ဒါ့အပြင် ဆူလေဗန်က “သူ့လိုအဲဗာတန်အသင်းမှာဆယ်နှစ်လောက်လုပ်နိုင်ဖို့မလွယ်ပါဘူး။ သူဟာမန်နေဂျာကောင်းတစ်ဦးပါ။ ဒီအလုပ်ကိုသူပိုက်ဆံကြောင့်လက်ခံခဲ့တာမဟုတ်ပါဘူး။ ဒီအခွင့်အရေးကိုရယူပြီးသူ့ကိုယ်သူပြန်လည်တည်ဆောက်နေတာပါ။ အဓိကကတော့ဝက်စ်ဟမ်းကိုပရီးမီးယားလိဂ်မှာဆက်ရှိအောင်လုပ်ဆောင်ပေးဖို့ပါပဲ။" လို့ပြောသွားပါတယ်။ မိုရက်က အဲဗာတန် မန်ချက်စတာယူနိုင်တက် ဆန်းဒါးလန်းအသင်းတို့ကို ပရီးမီးယားလိဂ်မှာ ကိုင်တွယ်ခဲ့ဖူးပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။