ဒေးဗစ်မိုရက်ကတော့ ၀က်စ်ဟမ်းအသင်း၏ နည်းပြဖြစ်လာပါပြီ။ ၀က်ဟစ်မ်းအသင်းက နည်းပြ ဘီလစ်ကိုထုတ်ပြီး မိုရက်ကို အပ်ခဲ့တာပါ။ မိုရက်ကတော့ ပရီးမီးယားလိဂ်နှင့်မစိမ်းတဲ့ နည်းပြပါ။ ယခုအခါမှာတော့ ဒေးဗစ်မိုရက်က ၀က်စ်ဟမ်းမှာ မိမိကိုယ်ကို သက်သေပြသွားမယ်ဟု ပြောခဲ့ပါတယ်။

မိုရက်က "ကျွန်တော်ကာတာမှာရုပ်သံအစီအစဉ်တစ်ခုမှာအလုပ်လုပ်နေစဉ်ဒီရာထူးအတွက်စိတ်ဝင်စားမှုရှိလားဆိုတာကိုကမ်းလှမ်းမှုတစ်ခုရရှိခဲ့ပါတယ်။ တွေ့ဆုံညှိနှိုင်းမှုအချို့ပြုလုပ်ခဲ့ပြီးနောက်ကျွန်တော်ဒီကိုရောက်လာခဲ့တာပါပဲ။ ဒါဟာကျွန်တော့့်အတွက်ကောင်းပါတယ်။ ကျွန်တော်နှစ်သက်မြတ်နိုးတဲ့အလုပ်ကိုလုပ်ဖို့ပြန်လာပါပြီ။ ဝက်စ်ဟမ်းအသင်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ပေးချင်ပါတယ်။ ဒါဟာဝက်စ်ဟမ်းအတွက်လည်းကောင်းတယ်ထင်ပါတယ်။ ကျွန်တော်ဟာလည်းမန်နေဂျာကောင်းတစ်ဦးလို့ထင်ပါတယ်။”လို့ပြောပါတယ်။

ဒါ့အပြင် ဒေးဗစ်မိုရက်က”ဝက်စ်ဟမ်းဟာအခြေခံအရာတွေအားလုံးပြည့်စုံတဲ့အသင်းပါ။ သူတို့အနာဂတ်ဟာကောင်းမွန်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ရေတိုပါပဲ။ ဘာလို့လဲဆိုတော့နိုင်ပွဲတွေရရှိဖို့ကျွန်တော်လိုအပ်နေလို့ပါ။ အသင်းရဲ့လူစာရင်းကကောင်းမွန်ပြီးသားဖြစ်တာကြောင့်နိုင်ပွဲတွေနဲ့ဝက်စ်ဟမ်းကိုလက်ရှိနေရာကနေဆွဲတင်သွားမှာပါ။ ဒါဟာကျွန်တော်သက်သေပြသွားရမယ့်အရာပါ။ တစ်ခါတစ်ရံအလုံးစုံပြင်ဆင်သွားဖို့လိုအပ်နိုင်သလိုအနည်းငယ်ပြုပြင်ရုံပဲလိုအပ်တာလည်းရှိပါတယ်။" လို့ပြောသွားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။