လူပေါင်း ၂၆ ယောက်ကို သေဆုံးစေခဲ့တဲ့ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ကို ကျူးလွန်သူဟာ စိတ်ရောဂါဝေဒနာ ခံစားနေရသူဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောကြားခဲ့ပါတယ်။ အဲ့ဒီ့ ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် သမိုင်းမှာတော့ အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံခဲ့ရမှုလည်းဖြစ်ပါတယ်။ ပစ်ခတ်သူ လို့ သံသယ ရှိခြင်းခံရသူ Devin Patrick ဟာ ဒေသခံတစ်ယောက်ရဲ့ ပစ်ခတ်ခြင်းခံခဲ့ရပြီးနောက် ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

နောက်မှ အနီးဝန်းကျင်ရှိ ဘားတစ်ခုနားမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ ပစ်ခတ်သူကို သူ့ရဲ့ကားပေါ်မှာ လက်နက်တွေနဲ့ အတူ သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။ အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားအပြီး အမေရိကန်နိုင်ငံ တွငး်မှာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ လှုံ့ဆော်မှုတွေ ထပ်မံဖြစ်ပွားလာခဲ့ပါတယ်။ သမ္မတ ထရန့်ကတော့ ဒါဟာ လက်နက်ကြောင့်မဟုတ်ဘဲ စိတ်ရောဂါဝေဒနာ ကြောင့်သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူတွေ အများကြီးရှိပါတယ် လို့ သမ္မတ ထရန့်က ပြောကြားခဲ့ပါတယ်။

“ဒါဟာ လက်နက်ကြောင့်မဟုတ်ဘဲ စိတ်ရောဂါဝေဒနာကြောင့်ပါ။ စိတ်ရောဂါဝေဒနာ ခံစားနေရမှု ဟာ နိုင်ငံတွင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ” လို့ သမ္မတ ထရန့်ကပြောကြားခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်မှု ဖြစ်ရပ် ဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ် လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် လူပေါငး် ၂၃ ယောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အတွင်းသေဆုံးခဲ့ပါတယ်။ ၂ ယောက် က တော့ ဘုရားရှိခိုးကျောင်း အပြင်ဘက်မှာသေဆုံးခဲ့ပြီး ၂၆ ယောက်မြောက်သူကတော့ ဆေးရုံကို ပို့ဆောင်စဉ်သေဆုံးခဲ့တာပါ။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။