ကမ္ဘာကျော် အနုပညာရှင်များ နာမည်ကျော်များ၏ပုံစံတူပြုကာဖယောင်းရုပ်ထုလုပ်၍ ပြတိုက်အဖြစ်ဖွင့်ထားသည့် မဒမ်တူးဆော့ဖယောင်းရုပ်ထုပြတိုက်တွင် နှစ်စဉ်အမြဲ ရုပ်ထုအသစ်များတိုးလေ့ရှိပါတယ်။ ယခုအခါမှာလည်း နာမည်ကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ရုပ်ထုအသစ်ကို ထပ်မံထားရှိပြသလိုက်ပြီဖြစ်ပါတယ်။

တေလာဆွစ်ဖ်ရဲ့ရုပ်ထုအသစ်ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကစတင်ထားရှိခဲ့တာလည်းဖြစ်ပါတယ်။တေလာဆွစ်ရဲ့ရုပ်ထုမှာဆိုရင် ချစ်ဖို့ကောင်းတဲ့ကြောင်ကလေးတွေကိုပါထားရှိထားတာဖြစ်ပါတယ်။ပြတိုက်ရဲ့တာဝန်ရှိသူပြောကြားချက်အရတော့ တေလာဟာကြောင်အလွန်ချစ်တတ်သူဖြစ်သလို သူမရဲ့ မကြာခင်ထွက်လာမယ့်တေးစီးရီးအယ်ဘမ် နဲ့သူမရဲ့ကျော်ကြားမှုပုံရိပ်ကို ထင်ဟပ်စေနိုင်မယ့်ယခုလိုပုံစံရုပ်ထုမျိုးကို ထုလုပ်ပြသခြင်းဖြစ်တယ်လို့ပြောပါတယ်။

တောက်ပတဲ့အနီရောင်နှုတ်ခမ်းနီ ၊ လှပကြော့ရှင်းတဲ့ အနက်ရောင် အမျိုးသမီးဝတ်စုံဟာ ဖယောင်းရုပ်ထုအားကြွရွလှပနေစေတာလည်းဖြစ်ပါတယ်။အဆိုပါရုပ်ထုအတွက် တန်ဖိုးဟာ ဒေါ်လာ ၃၅၀၀၀၀ခန့်ရှိပါတယ်။

Source - People

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။