မြဝတီမြို့တွင် မြန်မာလုပ်သား၃၀ကျော်ကိုဘန်ကောက်တွင်အလုပ်ရမည်ဟုလိမ်ကာ လူကုန်ကူးသူ၂ဦးအား ဖမ်းဆီးရမိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုဖြစ်စဉ်များမကြာခဏံဆိုသလို ကြုံရလေ့ရှိသည်။ ဗဟုသုတနည်းပါးခြင်းနှင့် ငွေရေးပြသာနာများက မြန်မာတို့ကို အမြဲလူကူန်ကူးခံရလေ့ရှိစေသည်။ ယခုလည်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သား ၃၀ ကျော်ကို တရားမဝင်ခေါ်ဆောင်လာသော မြန်မာပွဲစားနှစ်ဦးကို မြဝတီ - မဲ ဆောက်ချစ်ကြည်ရေးတံတား၌ ဖမ်းဆီးထားသည်။

မြန်မာလုပ်သားတစ်ဦးလျှင် ကျပ်ခုနစ်သိန်းမှ ၁၀ သိန်းအထိ တောင်း၍ မြန်မာလုပ်သား ၃၃ ဦးကို ဘန်ကောက်မြို့တွင် အ လုပ်ရမည်ဟုဆိုကာ တရားမဝင် ခေါ်ဆောင်လာသော မြန်မာပွဲစား နှစ်ဦးကို နို၀င်ဘာ ၆ ရက်က မြဝ တီ-မဲဆောက်ချစ်ကြည်ရေးတံ တား မြန်မာဘက်ခြမ်း၌ အလုပ် သမားသံအရာရှိ၊ လူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့နှင့် မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တို့က ဖမ်းဆီးခဲ့သည်။ ဖမ်းမိသည့် မြန်မာပွဲစားနှစ် ဦးသည် မြန်မာလုပ်သား ၁၇၀ ဦး ကို ဘန်ကောက်မြို့တွင် အလုပ်ရ မည်ဟုဆိုကာ တရားမဝင်ပို့ ဆောင်ပေးရန် မြဝတီမြို့တွင် သုံးနေရာခွဲ၍ ထားရှိကြောင်း သိရသည်။ အောက်တိုဘာလဆန်းပိုင်း က မြန်မာလုပ်သား ၁၀၀ ကျော် ကို ထိုင်းနိုင်ငံတွင် အလုပ်ပေး မည်ဟုဆိုကာ နှစ်နိုင်ငံသဘော တူစာချုပ်(MoU) ဖြင့် လိမ် လည်ခေါ်ဆောင်သော ထိုင်းနိုင်ငံ သားတစ်ဦးကို မြဝတီမြို့၌ ဖမ်းဆီးခဲ့သည်။ 

ထို့အပြင် ထိုင်းနိုင်ငံ နေရာ အများအပြားတွင် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက် မှတ် (CI) ပြုလုပ်နေသူများထံမှ ငွေတောင်းခံနေသော ပွဲစားများ ကို ဖမ်းဆီးအရေးယူရန် ထိုင်းဝန် ကြီးချုပ် ပရာယွတ်က စက်တင် ဘာ ၂၆ ရက်၌ ညွှန်ကြားထား သည်။ အောက်တိုဘာလဆန်းတွင် ထိုင်းနိုင်ငံ၌ အလုပ်ရမည်ဟုဆိုကာ နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ဖြင့် ပို့ဆောင်ပေးသော မြန်မာလုပ်သားများအနက် မြန်မာလုပ်သား ၅၀၀ ခန့်သည် တစ် လကြာသည်အထိ အလုပ်မရဘဲ သောင်တင်နေကြောင်း ထိုင်း ရောက်မြန်မာလုပ်သားများ အရေးကူညီပေးနေသည့် မြန်မာအဖွဲ့ အစည်းများက ပြောသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။