80 Born တွေကြားမှာအသဲစွဲဖြစ်ခဲ့တဲ့တင်ဇာမော် ကတော့တောင်ကြီးအင်းလေးကို အလည် အပတ်ခရီးစဉ်အဖြစ်နဲ့သွားရောက်လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့တစ်ခေတ်တစ်ခါက သီချင်းတွေကလည်း ပရိတ်သတ်တွေကြားမှာ ယနေ့ထက်တိုင်ရေပန်းစားနေဆဲပါပဲ။ သူမ ဟာ Myanmar Idol အစီအစဉ်မှာ ကြီးကျပ်သူတစ်ယောက်အဖြစ် ပါဝင်ခဲ့သူလည်းဖြစ်ပါ တယ်။ အသက် 40 ကျော်နေပေမယ့် သူမရဲ့အလှတွေကတော့မပျောက်မပျက်ရှိနေတုန်း ပါပဲ။ ခုချိန်ထိ နုနေဆဲ လှနေဆဲပါပဲ။

သူမကလက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာနေထိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ October 7 ရက် နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ 7Concert တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကျင်းပပြီး သူမနဲ့အတူ စိတ် တူကိုယ်တူ ပရိတ်သတ်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ “ တင်ဇာမော်နဲ့ တူညီတွဲလက် မောင်နှမများ ” ဆိုတဲ့ ပရိတ်ဟိတအဖွဲ့မှ ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ရန် ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ယက်ကို ငွေကျပ် သိန်း (၂၀) လှူဒါန်းခဲ့ပါတယ်။ ဒီအလှူဟာ သူမတစ်ဦးတစ်ယောက်တည်းရဲ့ အလှူမဟုတ်ပဲ သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေလည်း အတူပါတယ်လို့ဆိုခဲပါတယ်။

လေးစားစရာကောင်းတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သူမက တောင်ကြီး၊ ကလော ၊အင်းလေးတို့ကိုအလည်အပတ်ခရီးစဉ်အဖြစ်နဲ့ သူမရဲ့မိသားစုတွေနဲ့ အတူရောက်ရှိနေတာ ဖြစ်ပြီး သူမရဲ့ပျော်ရွှင်နေတဲ့သဘာဝပုံရိပ်လေးတွေကို Facebook ပေါ်မှာ ဝေေ၀ဆာဆာတင်ထား တာဖြစ်ပါတယ်။ အသံအားကောင်းကောင်းနဲ့ ပရိတ်သတ် တွေကို ယနေ့ထက်တိုင်ဖမ်းစားနိုင်သေးတဲ့ အဆိုတော်တင်ဇာမော်ရဲ့ ခရီးသွားပုံရိပ်တွေကို သူမရဲ့ပရိတ်သတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။