ခေးကြီးလို့ခေါ်တဲ့ လုလုအောင်ကတော့ ပုရိသတွေအများစုဝန်းရံတဲ့ အမိုက်စား Body နဲ့ Model လှလှလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ Single Mother တစ်ယောက် လည်း ဖြစ်သလို သူမရဲ့သမီးလေးကို အကောင်းဆုံးပျိုးထောင်နိုင်တဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့တော့ သူမဟာလတ်တလောမှာတော့ Photo Shooting တွေ အဆက်မပြတ်ရိုက်ကူးနေတာဖြစ်ပါတယ်။ အားပေးကြမ်းတဲ့ ပရိတ်သတ်တွေ ကလဲ သူမကိုချစ်ခင်ကြပါတယ်။

ရုပ်ရှင်တွေ Video တွေမှာတော့ သူမကိုမတွေ့ရသေးပါဘူး။ ကောက်ကြောင်းလှတဲ့ ခန္ တာကိုယ် ပိုင်ရှင်ဖြစ်လို့ ဘယ်လိုအဝတ်အစားကိုပဲဝတ်ဝတ် သူမနဲ့လိုက်ဖက်လှပ တင့် တယ်နေတာချည်းပါပဲ။ ယခုမှာလည်း သူမက ပင်လယ်ကမ်းခြေတစ်ခုကို ရောက်ရှိနေ တာဖြစ်ပြီး ထုံစံအတိုင်း သူမရဲ့လှပတဲ့ ခန္တာကိုယ်ပေါ်မှာ စွဲမက်ဖွယ်ကောင်းတဲ့ အဝတ် အစားလေးတွေကိုဝတ်ဆင်ရိုက်ကူးထားပါတယ်။ သူမရဲ့ပရိတ်သတ်တွေကတော့ ကြွေပြီးရင် ကြွေ တဖြုတ်ဖြုတ်ကြွေကုန်ပြီပေါ့နော်။

သူမရဲ့ကမ်းခြေရောက်အလှဓာတ်ပုံများကို ခေးကြီးနဲ့ ပင်လယ် ပနံတင့်တယ်လို့စ်တော့ ကွ ကိုယ်ထင်မြင်မိထှာဖဲလေ ဟုလားဟင် ဆိုပြီးတော့ တင်ထားတာဖြစ်ပါတယ်။ အရမ်းကိုဆန်း ပြားနေတဲ့အဝတ်အစားမျိုးမဟုတ်ပဲ လူတိုင်းဝတ်ဆင်နေကျရိုးရိုးပုံစံလေးကိုမှ လုလုဝတ် လိုက်မို့ အရမ်းကိုမိုက်သွားတာပါ။ ကမ်းခြေမှာ လုလုအောင်တစ်ယောက် ဘယ်လိုတွေလန်း နေလည်းဆိုတာ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။