အောက်တိုဘာလ ၃၁ ရက်နေ့မှာ မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့ လက်ထပ်ခဲ့ကြပြီးနောက် ဟန်းနီးမွန်း ခရီးစဉ် အဖြစ်ဥရောပကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ နို၀င်ဘာလ ၁၂ ရက်နေ့မှာ သူတို့ နှစ်ယောက် တောင်ကိုရီးယားကို ပြန်ရောက်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အစပထမ တော့ Itaewon မှာ ရှိတဲ့ သူတို့ မင်္ဂလာပွဲ ကျင်းပရာ အိမ်လေးကို သွားရောက်ဖို့စီစဉ်ခဲ့ပါတယ်။ နောက်တော့ Song Joong Ki ရဲ့ မိဘတွေ နေအိမ်မှာ သူတို့စုံတွဲ ယာယီနေထိုင်မှာပါ။ ကိုရီးယားရိုးရာ ယဉ်ကျေးမှုကို လိုက်နာတဲ့ အနေနဲ့ပါ။

မင်းသား Song Joong Ki ရဲ့ ဟန်းနီးမွန်းခရီးစဉ် နောက်ပိုင်း အနုပညာလှုပ်ရှားမယ့် သတင်းလည်း ထွက်ပေါ်လာပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့က Blossom Entertainment မှ ရရှိတဲ့ သတင်း အရင်းအမြစ်အရ မင်းသား Song Joong Ki ဟာ ဟောင်ကောင်မှာကျင်းပ မယ့် ဂီတဆုပေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ဟောင်ကောင်မှာ ကျင်းပမယ့် 2017 MAMA (Mnet Asian Music Awards) ဆုပေးပွဲကို မင်းသား Song Joong Ki တက်ရောက်မှာဖြစ်တယ် လို့ အဆိုပါ Blossom Entertainment ကထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Blossom Entertainment အနေနဲ့ အသေးစိတ် အစီအစဉ်တွေ အတွက်ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

လူမှုကွန်ယက်တွေပေါ်မှာ မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့ ရဲ့ မင်္ဂလာပွဲကို သူတို့နှစ်ယောက်ကို ချစ်ခင်နှစ်သက် တဲ့ ပရိသတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြပါတယ်။ အရမ်းလိုက်ဖက်တဲ့ စုံတွဲလေး အဖြစ် ၀ိုင်းဝန်းပြောဆိုမှုတွေရှိခဲ့ပါတယ်။ Descendents of The Sun ဇာတ်ကားမှာ ကတည်းက သူတို့စုံတွဲကို ပရိသတ်တွေနှစ်သက်ခဲ့ကြတာပါ။ ပရိသတ်တွေ အနေနဲ့ သူတို့စုံတွဲ ကို ထပ်မံ ပြီး ဂုဏ်ပြုပေးကြပါဦး။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။