RunningManရဲ့ပြီးခဲ့တဲ့ရက်ကပြသခဲ့သောနောက်ဆုံးအပိုင်း Big Picture မှာဆိုရင် ဟားဟား နှင့်ကင်ဂျုံကု တို့နှစ်ယောက်ဟာ လီကွမ်ဆူကြောင့်ထိတ်လန့်သွားရပါတယ်။နိုဝင်ဘာ ၈ရက်နေ့ကပြသခဲ့တဲ့အဆိုပါ အပိုင်းတွဲမှာဆိုရင် ဟားဟား နှင့် ကင်ဂျုံကုတို့ဟာ ပြီးခဲ့တဲ့ခြောက်လအတွင်းလီကွမ်ဆူရဲ့နေ့စဉ်ဘဝကို Hidden camera တွေနဲ့ရိုက်ကူးထားခဲ့တာကို ဖော်ထုတ်ခဲ့ပါတယ်။

Video Clip တွေကြည့်ပြီးတဲ့နောက်မှာဒေါသထွက်နေဟန်ရှိသောကွမ်ဆူကြောင့် ဟားဟားတို့နှစ်ယောက် ထိတ်လန့်နေခြင်းဖြစ်ပါတယ်။ ဟားဟားက လီကွမ်ဆူအား ဘယ်လိုခံစားနေရသလဲမေးတဲ့အခါမှာတော့ "အရိုးသားဆုံးပြောရရင် အရမ်းဒေါသထွက်ရပါတယ် တစ်ချို့ကိစ္စတွေဟာအရမ်းလွန်တယ်လို့လည်းခံစားရပါတယ် ပြီးတော့ ခုလိုကြည့်ကြရတာဟာလည်း ရယ်စရာကောင်းနေလို့လား ဆိုပြီး " ဖြေကြားခဲ့ပါတယ်။

ထိုကိစ္စအတွက် ဟားဟားမှ လီကွမ်ဆူအား တောင်းပန်ရင်း ခုလိုလုပ်တာဟာကွမ်ဆူကိုဒေါသထွက်စေမှာသေချာပါတယ် ဘာလို့လဲဆိုတော့ သူ့ဆီက ခုလိုလုပ်ဖို့ သူ့ခွင့်ပြုချက်မရပေမဲ့ အေဂျင်စီကCEOထံမှ ခွင့်ပြုချက်ရလို့လုပ်ရတာဖြစ်ပါတယ်လို့ပြောပါတယ်။ တစ်ချိန်လုံးမယုံကြည်နိုင်စွာဖြင့်နားထောင်ပြီးတော့မှကွမ်ဆူဟာ မထင်မှတ်ဘဲ အားလုံးရယ်မောစေတဲ့အခြေအနေကိုပြုလုပ်ခဲ့ပါတော့တယ်။အဲဒါကတော့" ဒါကိုတရားရုံးမှာ သွားတိုင်ရင် ငါနိုင်မှာသေချာတယ် "ဆိုပြီးရယ်ရယ်မောမောနဲ့ပြောလိုက်တာဖြစ်ပါတယ်။

Source - kpopnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။