အနုပညာလောကမှာဇနီးမောင်နှံနှစ်ယောက်အတွဲညီညီအနုပညာလှုပ်ရှားမှုတွေပြုလုပ်လျက်ရှိတဲ့ပရိသတ်အချစ်တော်သရုပ်ဆောင်အောင်ခိုင်နဲ့ဝါဝါအောင်ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့အောင်ခိုင်နဲ့ဝါဝါအောင်တို့ဇနီးမောင်နံှနှစ်ယောက်ဟာထူးချွန်တဲ့ဇာတ်ပို့ပညာရှင်ဇနီးမောင်နှံနှစ်ယောက်ဆိုလဲမမှားပါဘူး။လာမယ့်နိုဝင်ဘာ(၁၀)ရက်နေ့မနက်ဖြန်မှာတော့ရိသတ်တွေချစ်ကြတဲ့သရုပ်ဆောင်အောင်ခိုင်ရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့အောင်ခိုင်နဲ့ဝါဝါအောင်တို့ဟာမွေးနေ့အကြိုလှူဒါန်းမှုလေးတွေလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

နိုဝင်ဘာ၉ရက်နေ့ဒီနေ့မှာတော့သရုပ်ဆောင်အောင်ခိုင်နာမကျန်းဖြစ်စဉ်ကဆေးကုသမှုခံယူခဲ့တဲ့ရန်ကုန်ဆေးရုံကြီးမှာမွေးနေ့အကြိုသွားရောက်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ဦးအောင်ခိုင်နာမကျန်းဖြစ်စဉ်တက်ရောက်ကုသခဲ့တဲ့ရန်ကုန်ပြည့်သူဆေးရုံကြီးခွဲစိတဆောင်(၃)မှာဆေးကုသမှုခံယူလျက်ရှိတဲ့နာမကျန်းလူနာများနဲ့တာဝန်ကျဆရာဝန်များ,သူနာပြုများကိုနေ့လည်စာကြာဇံကြော်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ဇနီးမောင်နှံနှစ်ယောက်တက်ညီလက်ညီမွေးနေ့အကြိုကုသိုလ်ယူခဲ့ကြတာဖြစ်ပြီးတကယ်ကိုကြည်နူးစရာမြင်ကွင်းလေးတွေတွေ့မြင်ခံစားရတာပဲဖြစ်ပါတယ်။

ဝါဝါအောင်ရဲ့လူမှုကွန်ယက်မှာလဲချစ်ခင်ပွန်းရဲ့မွေးနေ့အကြိုလှူဒါန်းမှုပုံရိပ်လေးတွေကိုပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာဆေးကုသမှုခံယူနေကြတဲ့လူနာများကိုအားပေးစကားတွေလဲလိုက်လံပြောဆိုခဲ့ကြပြီးနေ့လည်စာအဟာရဒါနလေးပြုခဲ့ကြတာဖြစ်ပါတယ်။မွေးနေ့ရက်မြတ်လေးမှစပြီးနောင်နှစ်ပေါင်းများစွာတိုင်ချစ်တဲ့ဇနီးမောင်နှံနှစ်ယောက်သေမတူရှင်မကွာအနုပညာလုပ်ငန်းလေးတွေဆက်လက်လုပ်ကိုင်နိုင်ကြပါစေလို့ပရိသတ်တွေဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုန်းနော်။ချစ်ပရိသတ်တွေအတွက်အောင်ခိုင်နဲ့ဝါဝါအောင်တို့ရဲ့လှူဒါန်းမှုပုံရိပ်လေးတွေကိုလဲမျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဝါဝါအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။