မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အတင့်ရဲလှတဲ့ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ဟာ ကင်ဂျံုအန်း ရဲ့ တင့်ကားတွေကို လက်နှစ်ချောင်းထောင်ပြီး ဆယ်လ်ဖီရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီ့ ဆယ်လ်ဖီ ဟာ ကမ္ဘာ့အန္တရာယ် အများဆုံး ဆယ်လ်ဖီ လို့ပြောလို့ရပါတယ်။ အကြောင်းက မြောက်ကိုရီးယားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ ဓာတ်ပုံရိုက်ကူးခွင့်ကို အထူးကန့်သတ်ထားတာပါ။ ဆယ်လ်ဖီ ရိုက်ကူးခဲ့သူ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် နာမည်ကတော့ Daniel Dobson ပါ။ အသက်ကတော့ ၃၃ နှစ်ရှိပါပြီ။

သူဟာ မြောက်ကိုရီးယား ရဲ့ စစ်ရေးပြပွဲ အခမ်းအနားမှာ ယခုလို ကင်ဂျံုအန်း ရဲ့ တင့်ကားတွေနဲ့ ဆယ်လ်ဖီရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ မြို့တော် ပြံုယမ်းမှာ ကျင်းပတဲ့ အဆိုပါစစ်ရေးပြပွဲ အခမ်းအနားမှာ တင့်ကားတွေ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေချိန် ကင်မရာ ကို သူ့ကိုယ်သူ ချိန်လိုက်ပြီး ကင်ဂျံုအန်း ရဲ့ တပ်ဖွဲ့တွေကို လက်နှစ်ချောင်းထောင် အလေးပြုကာ ဆယ်လ်ဖီရိုက်ကူးခဲ့တာပါ။ ဘေးနားမှာ တော့ စိတ်လှုပ်ရှားစွာ ကြိုဆိုနေတဲ့ ဒေသခံတွေကို တွေ့မြင်ရမှာပါ။ သူက မြောက်ကိုရီးယား နိုင်ငံသားတွေ စနစ်တကျ တန်းစီကာ စစ်ရေးပြပွဲ ကို ကြိုဆိုနေကြပုံကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ကင်ဂျံုအန်း ရဲ့ မြောက်ကိုရီးယား တပ်ဖွဲ့တွေ ချီတက်ဖြတ်သန်းသွားချိန် ဒေသခံများဟာ လက်ခုတ်သြဘာပေးကြပြီး စစ်သားများကလည်း တင့်ကားများပေါ်မှထွက်ကာ ပျော်ရွှင်စွာ ဝှေ့ယမ်းနှုတ်ဆက်နေကြတဲ့ ပုံရိပ်တွေကို သူ့အနေနဲ့ မှတ်တမ်းတင်လာနိုင်ခဲ့ပါတယ်။ ပထမ တော့ သူက အဲ့ဒီ့လောက်များတဲ့ တပ်ဖွဲ့တွေ စုဝေးနေကြတာကို တောင်ကိုရီးယားကို ကျူးကျော်ဝင်ရောက်တော့မယ်လို့ထင်ခဲ့တာပါ။ နောက်မှ စစ်ရေးပြအခမ်းအနားမှန်းသိခဲ့ရတာပါတဲ့။

Source: The Mirror UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။