လောကမှာ အကြီးကျယ်ဆုံးနဲ့ အမွန်အမြတ်ဆုံးအရာကို ပြပါဆိုလျှင် လူသားတိုင်းဟာ မိဘမေတ္တာကို လက်ညိုးထိုး ညွန်ကြမှာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း မိဘ တဦးဖြစ်လာတဲ့ ဖြိုးငွေစိုးဟာလည်း မိဘမေတ္တာကို ယခင်ကထက် နားလည်လာနေပြီလို့ သူရဲ့ လူမှု ကွန်ရက်မှာ ရေးသားထားပါတယ်။

ဖြိုးငွေစိုးဟာ မိဘတိုင်း ခံစားခဲ့ရဖူးတဲ့ ခံစားမှု တခုကို ခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“ခရီးဝေးကိုတစ်ယောက်ထဲကားမောင်းသွားရင်ခေါင်းထဲကို

အတွေးတွေအများကြီးကအတင်းတိုးပြီးရောက်လာတယ်ဗျ

အသုံးမဝင်တာရော ပြီးတော့

ဒါမျိုးတွေပါစဉ်းစားမိသွားတယ်

ဒီနေ့ ကျွန်တော့်သားကျောင်းစတက်တယ်မူကြိုပေါ့ဗျာ

ကျွန်တော်ကခရီးထွက်ရတော့ကျောင်းမပို့လိုက်ရဘူးပေါ့

ဒါနဲ့မိန်းမက video call ခေါ်ပြီးသူ့သား

စာသင်နေတာကိုပြတယ်

ကျွန်တော်လေတညလုံးကားမောင်းလာတာ

ခုထိမောင်းနေတုန်းကိုက်ခဲနေပြီ

ဒါပေမဲ့ရုတ်တရက်ကြီးနေကောင်းပြီး

တက်ကြွသွားတယ် ဝေးတယ်ထင်နေတဲ့

ခရီးကရောက်တော့မလိုဖြစ်သွားတယ်ဗျာ

ကျွန်တော်အရမ်းအံသြပါတယ်

လူကြီးပြောတာဟုတ်တယ်ဗျာ နင့်သားနဲ့ကျမှနင်သိလိမ့်မယ်

ဆိုတာလေ ....”

ဖြိုးငွေစိုး ဟာ အဲ့ခံစားချက်ကို နှစ်သက်ပြီး ၎င်းရဲ့ အဖေနဲ့ အမေကို သူ့အတွက် အပင်ပန်းခံ ပျိုးထောင်ပေးခဲ့မှုတွေ ပေးခဲ့တဲ့ မေတ္တာတွေ အတွက် ကျေးဇူးတင်ကြောင်း၊ ပြီးတော့ သူ့ကို မိဘ ဖြစ်ရတဲ့ ပီတီ ကိုပေးခဲ့တဲ့ သားလေးကိုလည်း ကျေးဇူးတင်တယ် လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဟုတ်ကဲ့သိပါပြီဗျ ... ကြိုက်လဲကြိုက်ပါတယ်

ခုလိုသိခွင့်ရတာပျော်ပါတယ်

ပြီးတော့ .... အဖေ ကျေးဇူးတင်ပါတယ်

တော်တော်ပင်ပန်းခဲ့မှာပါ ခုထိပေါ့

အမေ ကျေးဇူးတင်ပါတယ်

ပြောစရာကိုမလိုတာပါ

သား မင်းလဲကျေးဇူးတင်ပါတယ်

ပြီးတော့ ....ရပါတယ်

ငါကခံနိုင်ရည်ကြိုမွေးထားပါတယ်

ကျေးဇူးပြုပြီတော့ဗျာ

ဘာတခုမှဝေဖန်မနေပါနဲ့ဗျာနော်

ဒါမျိုးဝေဖန်စရာမလိုတဲ့အပိုဒ်

ကောက်းတာဆိုးတာနောက်တာစတာ

ချစ်လို့ပြောတာဆုံးမတာအားပေးတာချီးကျူးတာ

ဘာတခုမှလုပ်စရာမလိုတဲ့မလုပ်စေချင်တဲ့

အမှတ်တရ ပါ ကျွန်တော့်ကိုကူညီတဲ့အနေနဲ့ဖတ်ပြီး

မသိသလိုနေပေးပါလားဗျာ

ဖြိုးငွေစိုး သူရဲ့ ခံစားချက်အတွက် လူတွေရဲ့ ပြတ်ရယ်ပြုတာတွေ ချီကျူးတာတွေ ဆုံးမတာတွေ မပြုစေချင်ဘဲ သူ့ကိုကူညီတဲ့ အနေနဲ့ စာကို စာအတိုင်းသာ ဖတ်ပြီး မသိသလို နေပေးဖို့ကိုလည်း တောင်းဆိုး ထားခဲ့ပါသေးတယ်။

Source - ဖြိုးငွေစိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။