မြန်မာ့ဇာတ်သဘင်လောကမှာထိပ်တန်းစာရင်းဝင်ဇာတ်သဘင်တစ်ခုဖြစ်တဲ့သဘင်ပညာရှင်ရွှေမန်းတင်မောင်တည်ထောင်ခဲ့တဲ့သစ္စာမေတ္တာရွှေမန်းသဘင်ဆိုရင်ပရိသတ်တွေမသိတဲ့သူမရှိလောက်ဘူးလို့ထင်ပါတယ်။ရွှေမန်းသဘင်ရဲ့သဘင်အမွေဆက်ခံသူမျိုးဆက်ဖြစ်တဲ့သဘင်ပညာရှင်ရွှေမန်းတင်မောင်ရဲ့သားလေးမင်းရွှေရောင်တင်(ခေါ်)ပူတူးလေးကိုလဲပရိသတ်တွေသိကြမယ်ထင်ပါတယ်။ရန်ကုန်မြို့ကန်တော်ကြီးမျှော်စင်ကျွန်းမှာပြုလုပ်ခဲ့တဲ့မိုးရာသီဇာတ်သဘင်ကပွဲလေးဖြစ်တဲ့မင်းရွှေရောင်တင်ကတဲ့ပွဲလေးမှာစပြီးပရိသတ်တွေအားလုံးရဲ့ရင်ကိုဖမ်းစားနိုင်ခဲ့ပြီးပရိသတ်တွေကြားအရမ်းကိုရေပန်းစားချစ်ခင်ခဲ့ကြရတာပဲဖြစ်ပါတယ်။မြင်သူတိုင်းချစ်စေတဲ့မင်းသားလေးပူတူးလေးဟာ ဒီတစ်ခေါက်မှာလဲဘယ်လိုပုံစံလေးနဲ့ချစ်စရာကောင်းကောင်းနေလဲဆိုတာဆက်ဖတ်လိုက်ပါအုန်းနော်။

လက်ရှိမှာတာ့ချစ်စရာအရမ်းကောင်းတဲ့မင်းသားလေးမင်းရွှေရောင်တင်ဟာအသက်(၅)နှစ်ပြည့်ခဲ့ပြီးပဲဖြစ်ပါတယ်။အသက်(၅)နှစ်ပြည့်မွေးနေ့လေးမှာမင်းသားလေးပူတူးလေးကို ကိုရင်လေးပူတူးအဖြစ်ပရိသတ်တွေမြင်

တွေ့ကြရမှာပဲဖြစ်ပါတယ်။နိုင်ဝင်ဘာ(၉)ရက်နေ့မနေ့ကကျရောက်တဲ့မင်းရွှေရောင်တင်ရဲ့အသက်(၅)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးမှှာသင်္ကန်းဝတ်ခဲ့ပြီးလှူဒါန်းမှုလေးတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မန္တလေးမြို့"ရွှေကျင်"ကျောင်းတိုက်မှာမွေးနေ့ပွဲလေးပြုလုပ်တာခဲ့ပြီးအလှူငွေများလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ကိုရင်ဝတ်လေးနဲ့မွေနေ့ကိတ်မုန့်လေးခွဲပြီးမွေးနေ့ပွဲလေးကျင်းပခဲ့တဲ့ချစ်စရာအရမ်းကောင်းတဲ့ပူတူးလေးရဲ့ထူးခြားတဲ့မွေးနေ့အလှူလေးပဲဖြစ်ပါတယ်။ကိုရင်ဝတ်လေးနဲ့အရမ်းကိုချစ်ဖို့ကောင်းတဲ့ပူတူးလေးရဲ့ပုံရိပ်လေးတွေဟာလဲလူမှုကွန်ယက်တွေမှာပျံနှံခဲ့ပြီးပရိသတ်တွေအသဲယားအောင်ချစ်ဖို့ကောင်းနေတော့တာပဲဖြစ်ပါတယ်။  

အဲ့ဒီနောက်မှာတော့ကိုရင်လေးမင်းရွှေရောင်တင်ဟာဖေဖေတင်မောင်ဆန်းမင်းဝင်းနဲ့အတူစစ်ကိုင်းမြို့မှာဘုရားထီးတော်တင်အလှူပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။သဘင်ပညာရှင်တင်မောင်ဆန်းမင်းဝင်းတို့ချစ်စရာသားအဖနဲ့အတူမင်းသားချောမင်းမော်ကွန်းလဲလာရောက်ထီးတော်တင်ကုသိုလ်ယူလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။မင်းရွှေရောင်တင်လေးရဲ့အသက်(၅)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးမှာလှူဒါန်းမှုကုသိုလ်တွေအများကြီးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။သဘင်ပညာရှင်တင်မောင်ဆန်းမင်းဝင်းတို့ရဲ့မိသားစုအလှူဒါနလေးတွေကိုသူရဲ့လူမှုကွန်ယက်မှာလဲပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးထားတာပဲဖြစ်ပါတယ်။မင်းရွှေရောင်တင်လေးရဲ့ချစ်ပရိသတ်တွေဟာလဲချစ်စရာကောင်းတဲ့ကိုရင်လေးနဲ့အတူမွေးနေ့ပွဲလေးကိုအတူတူကျင်းပပေးခဲ့ကြတာပဲဖြစ်ပါတယ်။မင်းရွှေရောင်တင်ရဲ့မွေးနေ့အလှူပုံရိပ်လေးတွေကိုလဲပရိသတ်တွေမျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - တင်မောင်ဆန်းမင်းဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။