ဇာဗီဆိုတာကတော့ ဘောလုံးလောကမှာ မသိသူမရှိပါဘူး။ ကွင်းလယ်ဗိုလ်ချုပ်တွေထဲက တစ်ဦးဟု ပြောရလောက်အောင်ကို ခြေစွမ်းကောင်းသူဖြစ်ပါတယ်။ ဇာဗီက ယခုအခါ ရာသီကုန်လျှင် ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေငြာခဲ့ပါတယ်။ ဇာဗီက ယခုအခါ အသက် ၃၇နှစ်ရှိနေပြီဖြစ်ပါတယ်။  

စပိန်နှင့်အတူ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဆုရှင်ဇာဗီဟာလွန်ခဲ့တဲ့၂၀၁၅ကကာတာကလပ်အယ်ဆတ်ကိုပြောင်းရွေ့ခဲ့တာဖြစ်ပြီးကစားသမားဘဝကနေအနားယူခဲ့ပါကနည်းပြဘဝထဲချက်ချင်းဝင်ရောက်သွားဖို့ပြင်ဆင်ထားပါတယ်။ ဘာကာအကယ်ဒမီမှပေါ်ထွက်လာခဲ့တဲ့အသက်၃၇နှစ်အရွယ်ဇာဗီဟာနူးကမ့်ကစားသမားဘဝမှာကြီးကြယ်လှတဲ့အောင်မြင်မှုကိုရရှိခဲ့ပြီးချန်ပီယံလိဂ်၄ကြိမ် လာလီဂါဖလား၈ကြိမ်အပါအဝင်အခြားဆုဖလားများစွာပိုင်ဆိုင်ခဲ့ပါတယ်။ 

စပိန်အတွက်၁၃၃ပွဲကစားကာ ဥရောပဖလား ကမ္ဘာ့ဖလား တွေဆွတ်ခူးခဲ့တဲ့ဇာဗီက "ကျွန်တော်ဒဏ်ရာသိပ်မရခဲ့တာအရမ်းကံကောင်းပြီးကျွန်တော့်ကစားသမားဘဝဟာရာသီကုန်မှာပြီးဆုံးတော့မယ်လို့ထင်ပါတယ်။ ကျွန်တော့်ကစားသမားဘဝကကောင်းမွန်ခဲ့ပါတယ်။ ကာတာမှာကျွန်တော်ဆက်ကစားခွင့်ရခဲ့ပြီးအခုချိန်မှာတော့ဘောလုံးကစားရတာပိုပင်ပန်းနေပြီလို့ထင်ပါတယ်။ ပြန်လည်အားပြည့်ဖို့ခက်ခဲနေပါတယ်။ ဒါဟာကျွန်တော့်ရဲ့ကစားသမားဘဝနောက်ဆုံးရာသီဆိုတာသေချာသလောက်ပါပဲ။ ကျွန်တော်လာမည့်နှစ်မှာနည်းပြလိုင်စင်ရဖို့စိတ်ကူးထားပြီးနည်းပြလောကထဲဝင်ရောက်သွားမှာပါ။" လို့ပြောသွားပါတယ်။

Source – Daily Mail Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။