နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မင်းမော်ကွန်းတစ်ယောက် သူ့အဖြစ်ကိုတွေးပြီး ရယ်ရခက် ငိုရခက်ဖြစ်နေရှာပါတယ်။ အကြောင်းရင်းကတော့ ခရီးသွားနေတဲ့

မင်းမော်ကွန်းတို့ဇနီးမောင်နှံဟာ ခရီးသွားရင်း တည်းတဲ့ဟိုတယ် အပြင်ဘက်တံခါးမှာ ကပ်ထားတဲ့စာကြောင့် မင်းမော်ကွန်းက သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ အခုလို ရေးသားမျှဝေထားပါတယ်။

“နေရထိုင်ရစားရသောက်ရတာအကုန်အဆင်ပြေတယ်

အခန်းဝမှာ ဒီစာကပ်ထားတာတော့ တော်တော်

အဆင်မပြေဘူး လူမြင်လို့လဲမကောင်းဘူး

သေပြီဆရာ”” လို့ ဆိုပါတယ်။

သားသမီး(၃)ယောက်ထွန်းကားထားတဲ့ မင်းမော်ကွန်းတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက်နှစ်(၂၀)ပြည့်တုန်းကလည်း နို၀င်ဘာလက ထီစပ်တူထိုးတာ ငါးသောင်းဖိုးပေါက်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ၀ါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မင်းမော်ကွန်းဟာ သားသမီးတွေသာအရွယ်ရောက်လာတယ် သူကတော့ အရင်ကအတိုင်းမပြောင်းလဲပဲ နုပျိုနေတုန်းပါပဲ။

ပရိသတ်အချို့ကတော့ သူ့ကို ဘယ်တော့အသက်ကြီးမှာလဲ ဆိုပြီး ချီးမွှမ်းထောပနာသံတွေပြောကြပါတယ်။  

ကဲ မြန်မာစကားကလည်း နားလည်ရ့အတော်ခက်သားနော်

Source: Kyaw Kyaw Htay Lwin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။