ပရိသတ်အချစ်တော်မင်းသား မြင့်မြတ်ဟာ မနေ့ညက အဆိုတော်ယုန်လေး ၊ သရုပ်ဆောင် ထူးခြား တို့နဲ့အတူ မလွှင့်စဖူး Live မှာ စကားတွေအကြာကြီးပြောထားပါတယ်။

Original Gangster ဖိုက်တာ(၃)ယောက်ကို အခုလို တစုတစည်းထဲ Live လွှင့်တာမြင်ရတော့ ကြည့်ရှုသူပရိသတ်တွေလည်း များပြားခဲ့ပါတယ်။

ဂျင်းကောင် ဇာတ်ရုပ်နဲ့ ဗိုလ်အောင်ဒင်ဇာတ်ကားမှာ တစ်နိုင်ငံလုံးရဲ့ အားပေးနှစ်ခြိုက်မှုတွေရရှိထားတဲ့ မြင့်မြတ်ဟာ အခြားသောဆယ်လီတွေလို ဆိုရှယ်မီဒီယာတွေ ၊ ဖေ့ဘုတ်စ် အင်စတာဂရမ်လည်း သုံးစွဲလေ့မရှိတာ အားလုံးသိကြမှာပါ။

နို၀င်ဘာလ(၉)ရက်ညမှာတော့ Original Gangster ဖေ့ဘုတ်page ကနေ သူတို့သုံးယောက်ရဲ့ Live ကိုလွှင့်ခဲ့ပြီး ကြည့်ရှုသူပရိသတ်တွေနဲ့အတူ စကားတွေဖောင်ဖွဲ့ပြောရင်း ပျော်ရွှင်နေခဲ့တာကိုတွေ့ရပါတယ်။

ချစ်စရာကောင်းပြီး ဟန်ဆောင်မှုကင်းတဲ့ မြင့်မြတ်နဲ့ အပေါင်းပါတွေကတော့ နာမည်ကျော်အနုပညာရှင်တွေလို့တောင်ထင်ရက်စရာမရှိအောင် ပွင့်ပွင့်လင်းလင်းစကားတွေပြောခဲ့တာပါ။

ကြည့်ရခဲတဲ့ မြင့်မြတ်ပါ၀င်တဲ့ facebook Live ဟာ သူ့အတွက် ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်သလို သရုပ်ဆောင်ထူးခြားအတွက်လည်း ပထမဆုံးအကြိမ်Live လွှင့်ဖူးခြင်းဖြစ်တယ်လို့သိရပါတယ်။

ယုန်လေးကလည်း သူ့အတွက် အချိန်အကြာဆုံးဖွင့်ထားတဲ့ Live ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဘာတွေပြောထားလဲ အောက်ကဗီဒီယိုကို ကြည့်လိုက်ရအောင်။ 

Source : Original Gangster fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။