ပြည်သူ့အချစ်တော်ဖွေးစိန်လေးက သူမရဲ့ပရိတ်သတ်တွေအတွက် အမြဲတမ်းအဆင်သင့်ရှိ နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ပါပဲ။ သူမရဲ့ခန္တာကိုယ်ပြည့်ဖြိုးလာမှုတွေကို အမျိုးမျိုးဝေဖန်မှုတွေရှိနေပေမယ့် သူမအနေနဲ့မြန်မာမင်းသမီးတစ်ယောက်အဖြစ် ဖွံ့ဖွံ့ဖြိုးဖြိုး ခန္တာကိုယ်ကို သဘောကျတာဖြစ်ပါတယ်။ သို့ပေမယ့် သူမရိုက်ကူးထားတဲ့ “သမ္မတကြီး ထံပေးစာ ” ဇာတ်ကားမှာ ကျရောက်တဲ့ သူမရဲ့ Character လေးဖြစ်တဲ့ သတင်းထောက်မ လေးနေရာက သရုပ်ဆောင်ရမှာဖြစ်လို့ ဝိတ်တွေချ ခဲ့ရပါတယ်တဲ့ ပရိတ်သတ်ကြီးရေ။

ကိုယ့်စိတ်အတိုင်းသာဆိုဝတုတ်လေးအတိုင်းပဲနေမှာပါလို့သူမကပြောခဲ့ပါတယ်။ ရုပ်ရှင် ဇာတ်ကားရိုက်ကူးရာမှာ Character နဲ့ကိုက်ညီအောင် ဝိတ်ချခဲ့တဲ့အတွက်သူမကအမြဲလိုလို အပြေးလေ့ကျင့် တဲ့စက်ကလေးနဲ့ပြေးလေ့ရှိပါတယ်။ အလုပ်အတွက် တကယ့်ကိုအပင်ပန်း ခံပြီး ကြိုးစားခဲ့တဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ပါပဲ။ ဝိတ်ချဖို့ဆိုတာထင်သလောက် မလွယ်ကူတဲ့ဖြစ်ရပ်ပါ။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်မိတဲ့အခါ အသက်ဆုံးရှုံးမှုတွေထိ ဖြစ်တာကို သတင်းတစ်ချို့မှာလဲ ဖတ်ဖူးကြားဖူးကြမှာပါ။ သူမအနေနဲ့တော့ အစွမ်းကုန်ကြိုး စားပြီး အကောင်းဆုံးပြုပြင်ခဲ့ပါတယ်။

အခုဆိုသူမရဲ့လေ့ကျင့်ကြိုးစားအားထုတ်မှုတွေကြောင့် သွယ်လျတဲ့ခန္တာကိုယ်လေးကိုရရှိ ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ ရင်ကို ကိုင်လှုပ်နိုင်တဲ့မင်းသမီးတွေထဲကတစ်ယောက်ပါပဲ။ အပြေးလေ့ကျင့်စက်လေးကို ဂန့် ဂေါမှာ အမှတ်မထင်ရသွားခဲ့လို့ ကူညီသူတွေကို ကျေးဇူးတင်ကြောင်းလဲပြောထားပါသေး တယ်။ ပရိတ်သတ်ကိုအကောင်းဆုံးပေးဆပ်ဖို့ကြိုးစားနေတဲ့ ဖွေးစိန်လေးကို ပရိတ်သတ်ကြီး ကလဲ အားပေးစကားတစ်ခွန်းစီလောက်ပြောပေးသွားပါဦးနော်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။