အိမ်ထောင်ပြုရတာဆိုတာ အလွန် လွယ်ကူရိုးရှင်းလှပါတယ် ဒါပေမဲ့ အိမ်ထောင်တခုကို တဘဝလုံးစာ တည်မြဲအောင် ကြိုးစားရတာကတော့ အလွန့်ကို ခက်ခဲလွန်းတဲ့ အလုပ်တခုပါ။ ပြီးတော့ အနုပညာရှင် တွေရဲ့ အိမ်ထောင်ရေးဆိုလျှင်လည်း အလွန်ကို ခက်ခဲလွန်းလှတာကိုလည်း ပရိတ်သတ်ကြီးအနေနဲ့ နိုင်ငံတကာမှာ ရှိတဲ့ အနုပညာရှင်တွေကို ကြည့်ရင် သိနိုင်မှာပါ။ 

သရုပ်ဆောင် လူမင်းက သူရဲ့ အိမ်ထောင်ရေးကို ဘလို ထိမ်းသိမ်းသွားလဲဆို တာ ခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“အိမ်ထောင်တိုင်း အိမ်ထောင်တိုင်းမှာတော့ အခက်အခဲ ဆိုတာ ရှိတက်ကြစမြဲပါ အကို တို့လည်း အများထဲက စုံတွဲ တတွဲပါပဲ ကိုယ်တို့မှာလည်း အခက်အခဲတွေ ပြသာနာတွေ ရှိပါတယ် အဲ့တာကို လက်တွဲ မဖြုတ်တမ်း ဘယ်လို ရင်ဆိုင်ပြီး ဘယ်လို ကျော်ဖြတ်ခဲ့ကြသလဲ ဆိုတာ က ပို အရေးကြီးတာပါ ၁၃ နှစ်ဆိုတဲ့ အိမ်ထောင် သက်တမ်း တခု ကို အကိုတို့ ကျော်ဖြတ်လာနိုင်ခဲ့တဲ့ အတွက် ပြန်လှည့်ကြည့်မယ်ဆိုရင် ဒါကတော့ ဂုဏ်ယူတယ် ပါရမီ ဖြည့်ဘက်ဘအိမ်ထောင်ဘက်ကိုလည်း ကျေးဇူး တင်တယ် ကိုယ်တို့ အနုပညာရှင်တွေရဲ့ ပါရမီ ဖြည့်ဘက်ဆိုတာ သာမန်လူတွေထက်ပိုပြီးတော့ ရင်းနှီးပေးဆပ်မှုတွေ ပိုကြီး တယ်လို့ ယူဆတယ်”

ဆက်လက်ပြီးတော့ မိသားစု တခုဆိုတာ လင် နှင့်် မယား နှစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့ မပြီးကြောင်း သားသမီး များလည်း အရေးပါတယ် ဆိုတာကို ပြောပြသွားပါသေးတယ်။

“သားသမီးတွေ ရလာတဲ့ အခါ အိမ်ထောင် တခု က ပိုလေးနက်သွားတယ် ပိုပြီး ခိုင်မြဲသွားတယ် ပိုပြီးတော တန်ဖိုးထားသွားတယ် ခံစားရတယ် မိသားစုဆိုတာ ဖြစ်လာတဲ့ အတွက် မိသားစုဆိုတာက လင်ရယ် မယားရယ် နှစ်ယောက်တည်းနဲ့ မပြီးတော့ဘူး သားတွေ သမီးတွေရော ပေါင်းစပ်ပြီးမှ မိသားစု ဆို တာ ခေါ်တာလေ အဲ့ဒီ့တန်ဖိုး က ဘာနဲ့မှ မတူဘူး ဘာနဲ့မှလည်း လဲလို့မရဘူး ဘာနဲ့မှလည်း အစားထိုးလို့မရဘူး ဘာနဲ့မှလည်း နှိုင်း ယှဉ်လို့မရဘူး မိသားစုအပေါ် တန်ဖိုးထားတဲ့ အကိုတို့ရဲ့ စိတ်ကပဲ အကိုတို့ မိသားစု ဘဝ ရဲ့ အနာဂတ် သက်တမ်း တလျောက် ပိုပြီးလေးနက် ခိုင်မာစေတယ်လို့ပဲ”

Source – The Radar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။