လုံခြုံရေး အခြေအနေများကြောင့် မန္တလေးတောင်ပေါ်သို့ ည၉နာရီနောက်ပိုင်း တက်ရောက်ခွင့်မပေးတော့ကြောင်း သိရိ်ှရသည်။ မန္တလေးတောင်သည် မြို့ခံများ ကြားတွင်သာမက ခရီးသွားများကြားတွင်ပါ ခေတ်စားသည်။ တိတ်ဆိတ်ခြင်း ဆိတ်ငြိမ်ခြင်းများကြောင့် တောင်ပေါ် လေငြင်းခ့သူများ များပြားလေ့ရှိသည်။ ယခုအခါတွင်တော့ မန္တလေးတောင်ပေါ်ကို ည၉နာရီနောက်ပိုင်း တက်ရောက်ခွင့်ရတော့မည် မဟုတ်ပေ။

ထိုကဲ့သို့ ပေးမတက်ရခြင်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ လုံခြံုရေးစိုးရိမ်ရသဖြင့် မန္တလေးတောင်ပေါ်သို့ ည ၉နာရီနောက်ပိုင်း တက်ရောက်ခွင့်မပြုတော့ကြောင်း တောင် တော်ဂေါပကအဖွဲ့ တာဝန်ရှိသူ များက ပြောသည်။ ယခင်က မန္တလေးတောင် ပေါ်သို့ ညပိုင်းတက်ရောက်ခြင်း ကို ကန့်သတ်ထားခြင်းမရှိသော် လည်း လုံခြံုရေးအခြေအနေအရ ည ၉ နာရီနောက်ပိုင်းတက်ရောက်ခွင့်မပြုတော့ခြင်း ဖြစ်သည်။ ရခိုင်အရေးကြောင့် မန္တလေးတောင် တွင် မလိုလားအပ်သော ပြဿနာများမဖြစ်ပွားစေရန် မန္တလေး ခရိုင်ရဲတပ်ဖွဲ့က လုံခြံုရေးဆောင် ရွက်ရန် ညွှန်ကြားခဲ့သောကြောင့် စက်တင်ဘာ ၈ရက်မှစတင်ကာ အထူးလုံခြံုရေးတိုးမြှင့်ခဲ့ကြောင်းမန္တလေးတောင်ဂေါပကအဖွဲ့က ပြောသည်။

မန္တလေးတောင်ဆင်းလမ်း တွင် ညအချိန်လာရောက်လည် ပတ်သည့် လူငယ်သမီးရည်းစား စုံတွဲများ လုယက်ခံရခြင်းများ ယခင်က မကြာခဏဖြစ်ပွားသောကြောင်း စိုးရိမ်ရကြောင်း ဒေသခံ အချို့က ပြောသည်။မန္တလေးတောင်တွင် အထူး လုံခြံုရေးဆောင်ရွက်နေသဖြင့် ယခုအခါ လုယက်မှုဖြစ်ရပ်များ မဖြစ်ပွားတော့ကြောင်း၊ ထို့ ကြောင့် တောင်ပေါ်သို့ ည ၉ နာရီ နောက်ပိုင်းတက်ရောက်ခွင့်မပြု သေးဘဲ အထူးလုံခြံုရေးအစီအမံ များ ဆက်လက်ချထားဦးမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိ သူများက ပြောသည်။ ညစဉ်လုံခြံုရေးလှည့်လည် ရာတွင် တောင်တော်အုပ်ချုပ်ရေး အဖွဲ့က ဆရာတော် ၁၀ ပါး၊ ၁၅ ပါးခန့် ဦးဆောင်ကာ လုံခြံု ရေးဝန်ထမ်း ၃၀ ဦးနှင့် ဂေါပက အဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ အစရှိသည့် အဖွဲ့ပေါင်းစုံက တောင်ဆင်း၊ တောင်တက်လမ်းများ၊ ဘုရားစောင်းတန်းများတွင် လှည့်ကင်း၊ ပတ်ကင်းများဖြင့် လှည့်လည်စစ်ဆေးနေကြောင်း မန္တလေးတောင်ဂေါပကအဖွဲ့က ပြောသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။