၅၁ကြိမ်မြောက် Annual CMA Awards ဆုပေးပွဲကို ပြီးခဲ့ဗုဒ္ဒဟူးနေ့ နိုဝင်ဘာ ၈ရက် နက်ရှ်ဗေး မှာရှိတဲ့ Bridgestone Arena မှာကျင်းပခဲ့ပါတယ်။အဆိုပါပွဲကို ကန်းထရီးအဆိုတော် ကယ်ရီအန်ဒါ၀ုဒ် နှင့် ဘရက် ပါစလေတို့က အစီစဉ်မှုးအဖြစ်ပါ၀င်ပေးတာဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေပွဲတွင် ဂါ့သ်ဘရွတ်ခ် ၊ ဖိတ့်ဟေးလ် ၊ ရီဘာ မက်စ်တိုင်းရာ၊ လေဒီအန်ဘယ်လမ် ၊ မီရန်ဒါ လမ်းဘတ်ခ်၊ လုခ်ဘရိ်န်း ၊ ပင့်ခ် နှင့်အခြားအဆိုတော်များမှသီဆိုဖျော်ဖြေကြပါတယ်။ပရင်စက်တာများအနေနဲ့ ကာလီကလို့စ် ၊ လီယာ မစ်ရှယ် ၊ တိုင်ရာ ပယ်ရီ၊ ဘရစ်တနီ စနိုး နှင့်အခြားသောအနုပညာရှင်များကကူညီအားဖြည့်ပေးထားကြပါတယ်။ 

ယခုနှစ်အတွက် ဆုရရှိသူများမှာ Entertainer of the Year ဆုကို Garth Brooks ၊ Single of the Year ဆုကို “Blue Ain’t Your Color” သီချင်းနဲ့Keith Urban ၊ Album of the Year ဆုကို Chris Stapleton ရဲ့ From a Room: Volume 1 ၊ Song of the Year ဆုကို Taylor Swiftရဲ့ Better Man ၊ Female Vocalist of the Year ဆုကို Miranda Lambert ၊ Male Vocalist of the Year ဆုကို Chris Stapleton ၊ Vocal Group of the Year ဆုကို Little Big Town ၊ Vocal Duo of the Year ဆုကို Brothers Osborne ၊ Musical Event of the Year ဆုကို Funny How Time Slips Away— Glen Campbell With Willie Nelson ၊ Musician of the Year ဆုကို Mac McAnally ၊ Music Video of the Year ဆုကို“It Ain’t My Fault” — Brothers Osborne ၊ New Artist of the Year ဆုကို Jon Pardi တို့က အသီးသီးဆွှတ်ခူးရရှိသွားခဲ့ကြပါတယ်။

Source - Eonline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။