မင်းသမီး Song Hye Kyo ဟာ သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Ock Ju Hyun နဲ့ Lee Jin တို့နဲ့ အလွန်ခင်မင်ရင်းနှီးကြောင်းကို ပြသခဲ့ပါတယ်။ သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Ock Ju Hyun နဲ့ Lee Jin ဟာ ယခင် Fin.K.L အဖွဲ့ အဖွဲ့ဝင်ဟောင်းတွေ လည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မင်းသမီး Song Hye Kyo ရဲ့ အခင်ဆုံးသူငယ်ချင်းတွေလည်းဖြစ်ပါတယ်။

မင်းသမီး Song Hye Kyo ဟာ မင်းသား Song Joong Ki နဲ့ လက်ထပ်ပြီးနောက် သူမ ရဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ကို အမှတ်ရနေတာပါ။ မင်းသမီး Song Hye Kyo က သူတို့နှစ်ယောက် နဲ့ အတူ အဖြူ၊ အမည်းဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ “ကျွန်မတို့ အထက်တန်းကျောင်းစတက် ကတည်းက စတင်တွေ့ရှိခဲ့ပြီး ခင်မင်ရင်းနှီးခဲ့တာပါ။ အချိန်တွေ က ကုန်တာမြန်လွန်းပါတယ်။ အခုဆိုရင် ခင်မင်မှုဟာ အနှစ် ၂၀ ရှိပါပြီ။” လို့ မင်းသမီး Song Hye Kyo က Twitter မှာ သူတို့ သုံးယောက် ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ အတူ တင်ခဲ့ပါတယ်။

ပြီးတော့ မင်းသမီး Song Hye Kyo က သူမ ရဲ့ သူငယ်ချင်းနှစ်ယောက်ကို ကျေးဇူးတင်ကြောင်းလည်း ရေးသားခဲ့ပါတယ်။ မင်းသမီး Song Hye Kyo အနေနဲ့ သူငယ်ချင်းသံယောဇဉ်ကိုလည်း အလွန်တန်ဖိုးထားပါတယ် လို့ မင်းသမီး က ရေးသားထားပါတယ်။ Ock Ju Hyun ဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သူမရဲ့ အခင်ဆုံးသူငယ်ချင်း မင်းသမီး Song Hye Kyo ရဲ့ မင်္ဂလာပွဲမှာ အခမ်းအနားသီချင်းကူညီ သီဆိုပေးခဲ့ပါသေးတယ်။ မင်းသမီး Song Hye Kyo အနေနဲ့ သူမရဲ့ သူငယ်ချင်းတွေကို မမေ့ဘူးဆိုတာ သက်သေပြခဲ့ပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။