(Thai Rice Noodle Salad)ဆိုတဲ့ ယိုးဒယားမုန့်တီးထောင်းကို စားဖူးတဲ့သူရှိသလို မစားဖူးသူများရှိမှာပါ။ ဘာပဲဖြစ်ဖြစ် ရုံးပိတ်ရက်က (၃)ရက်တောင်ဆိုတော့ နားရက်လေးမှာ ဘယ်ကိုမှမသွားပဲ ကိုယ့်ရဲ့အိမ်မှာ ချက်ပြုတ်စားသောက်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ ယိုးဒယားအစားစာကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ယိုးဒယားမုန့်တီထောင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်နော်။

ယိုးဒယားမုန့်တီထောင်းလေးကချိုချဉ်စပ်အရသာဖြစ်ပြီးမုန့်ဖတ်ဖြင့်ထောင်းထားလို့နူည့ံပြီးထူးခြားတဲ့အရသာလေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်အိမ်သားများကိုထူးထူးခြားခြားအရသာသစ်ဖြင့်တည်ခင်းလိုတဲ့အိမ်ရှင်မများနှစ်သက်ကြမယ်ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း....

မုန့်ဖတ် - တစ်ပွဲစာ

မုန်လာဥနီ - အနည်းငယ်

သခွားသီး - တစ်စိတ်

ကြက်သွန်ဖြူ - ၂ မြောင်း

ငရုပ်စိမ်း - ငါးတောင့်

ထန်းလျက် -၂လုံး

(သို့)သကြားညို

ပဲတောင့်ရှည် - ၂ တောင့်

ခရမ်းချဉ်သီး - တစ်ခြမ်း

ပူစီနံ - အနည်းငယ်

နံနံပင် - အနည်းငယ်

ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း

သံပုရာရည် - ၂ဇွန်း

ပုဇွန်ခြောက် - ၂ဇွန်း

မြေပဲလှော် - ၂ဇွန်း

တွဲဖက်ပေးရန်.....

ဂေါ်ဖီ

ပဲတောင့်ရှည်

ကန်စွန်းရိုးအနီ

ပြင်ဆင်ပြုလုပ်ပုံ...........

(၁)သခွားသီးထပ်ကိုခြမ်းခြမ်းပြီးအနေတော်အထူလှီးထားပါ။မုန်လာဥနီကိုခြ စ်ထားပါ။

(၂)ပဲတောင့်ရှည်ကို၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီး လှီးထားပါ။

(၃)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ငရုပ်သီးစိမ်း ထည့်ထောင်းပါ။

(၄)ထန်းလျက်ထည့်ထောင်းပါ။သကြားည်ို လည်းအသုံးပြုနိုင်ပါတယ်။ ပဲတောင့်ရှည်တဝက်နှင့့်သခွားသီးထည့်ထောင်းပါ။

(၅)မြေပဲလှော်ထည့်ပြီးလုံးခြမ်းကွဲအနေထောင်းပါ။

(၆)ပုဇွန်ခြောက်၊ခရမ်းချဉ်သီးထည့်ပြီးနွမ်း ရုံလောက်ထောင်းပါ။

(၇)သံပရာရည်နှင့်ငံပြာရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။မုန့်ဖတ်နှင့်နံနံပင်ပူစီနံထည့်ပြီးသမအောင်မွေပေးပါ။

(၈)အရသာချိုချဉ်စပ်ရပါပန်းကန်တွင်ဂေါ်ဖီပဲတောင့်ရှည်ကန်စွန်းရိုးနီ(ရှိလျှင်)တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပျော်ရွှင်စရာအားလပ်ရက်လေးဖြစ်ပါစေ။

Source : Sofia (http://sofiafoodparadise.blogspot.com/)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။