(90)Borns လူငယ်တွေကြားမှာ အရမ်းရေပန်းစားခဲ့တဲ့ လူငယ်အဆိုတော်အဖွဲ့ဆိုရင်တော့ ကနဦးအနေနဲ့ Acid အဖွဲ့ကို မသိတဲ့သူမရှိခဲပါဘူး။

တစ်ခေတ်တစ်ခါက လူကြိုက်များအောင်မြင်ခဲ့တဲ့ ဟစ်ဟော့အဖွဲ့ဖြစ်ပြီး အဆိုတော် အနဂ္ဂ ၊ ရန်ရန်ချမ်း ၊ ဟိန်းဇော် ၊ ဇေယျာသော် တို့ (၄)ယောက်ကလည်း အရမ်းရင်းနှီးကြတဲ့ သက်တူရွယ်တူလူငယ်လေးတွေဖြစ်ပါတယ်။

ယနေ့ခေတ်အချိန်အခါမှာတော့ အနုပညာသက်တမ်းဆယ်နှစ်ကျော်သွားတဲ့ Acid အဖွဲ့လေး ပရိသတ်တွေဆီကနေ မှေးမှိန်ပျောက်ကွယ်သွားပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့ကို ယနေ့ထိချစ်ခင်အားပေးနေဆဲဖြစ်ပါတယ်။

အိမ်ထောင်ရက်သားကျပြီး ဘဝကိုယ်စီဖြတ်သန်းနေတဲ့ သူတို့(၄)ယောက်ထဲမှာတော့ ဟိန်းဇော်ကတော့ အစောပိုင်းနှစ်တွေထဲက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လက်တလောမှာတော့ အဆိုတော် ရန်ရန်ချမ်းတစ်ယောက် သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ( NLD လွှတ်တော်အမတ်) ဇေယျာသော်ကို လူမှုကွန်ရက်ကနေ စနောက်ကာ ဆေးထိုးလိုက်ပါတယ်။ အဲ့ဒါကတော့ ဇေယျာသော်ဟာ သူ့ရဲ့ ဇနီး ဖြစ်သူကို ဖေ့ဘုတ်ကနေ ရုံးစာကြီးအတိုင်းပို့ထားတဲ့ အရေးသားတွေကို ဖတ်ပြီး ရန်ရန်ချမ်းတစ်ယောက် သဘောကျသွားဟန်တူပါတယ်။

ဒါကြောင့်လည်း သူ့သူငယ်ချင်းဖြစ်သူကို လူသိအောင် Screen Shotရိုက်ကာ ဆေးထိုးလိုက်ပြီး သူငယ်ချင်းတွေအပြန်အလှန် ကွန့်မန့်တွေပေးထားကြတာကိုတွေ့ရပါတယ်။

ယနေ့အချိန်ထိ ဘယ်လိုရာထူးဂုဏ်ထူးအခြေအနေတွေရှိရှိ အိမ်ထောင်ရက်သားတွေကျသွားလည်း အခင်မင်မပျက် ပျော်ပျော်နေလေ့ရတဲ့ ACID အဖွဲ့ကို မြင်ရသူတိုင်း အပျော်တွေကူးစက်စေပါတယ်။

သူတို့ကို ပရိသတ်ကြီး မှတ်မိသေးရဲ့လား 

Source :Yan Yan Chan fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။