အသက် ၁၁၉ နှစ်ပြည့်တော့မည့် ကချင်ပြည်နယ် ခေါင်လံဖူးမြို့နယ် ဖမ်တုံရွာမှှ ဦးဆမ်ဘုံဒီး 

ကချင်ပြည်နယ် ခေါင်လံဖူးမြို့နယ် ဖမ်တုံရွာမှ မှတ်ပုံတင်အမှတ် ၁/ခဖဒ(နိုင်)၀၀၈၉၁၁ ကိုင်ဆောင်သော ရဝမ်လူမျိူး ဦးဆမ်ဘုံဒီး၏ အိမ်ထောင်စု၌ ဖော်ပြချက်အရ ၎င်း၏ မွေးသက္ကရာဇ် မှာ(၁၃.၆.၁၈၉၇) ဖြစ်ပြီး ယခုလာမည့် ဇွန်လ ၁၃ ရက်နေ့တွင် အသက် ၁၁၉ နှစ် ပြည့်တော့မည်ဖြစ်သည်။

ဦးဆမ်ဘုံဒီးသည် ဖြစ်ပျက်ခဲ့သော အတိတ်သမိုင်းများကို ပြန်လည်ပြောပြနိုင်ပြီး ငယ်ရွယ်စဉ်အခါက ပူတာအိုမြို့ သို့ တစ်ကြိမ်ရောက်ဖူးကြောင်း ၊ ကွမ်း ဆေးလိပ် အရက် သောက်သုံးခြင်းမရှိကြောင်းလည်းသိရသည်။

လက်ရှိအချိန် ကမ္ဘာ့ဂရင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား မှာ အသက် ၁၁၂ နှစ် အရွယ် အစ္စရေးလူမျိူး Yisrael Kristal ဖြစ်ပြီး သူ၏မွေးသက္ကရာဇ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့့ ၁၉၀၃ ဖြစ်သည်။

ကမ္ဘာ့အသက်အကြီးဆုံး ဂင်းနစ်စံချိန်တင်နိုင်ဖို့ ပရိသတ်ကြီး ရှဲပြီးမျှဝေပေးကြပါနော်။

Credit-Myanmar Tha Tin Htoo Tha Tin Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။