မော်ဒယ်သရုပ်ဆောင်ဝါဆိုမြင့်အောင်ဟာဆိုရင် ထပ်ဆင့်အကယ်ဒမီ ဝါရင့်မင်းသမီးကြီးတစ် ဦးဖြစ်တဲ့ မို့မို့မြင့်အောင်ရဲ့ တူမချောလေးပဲဖြစ်ပါတယ်။ အမေမွှေးလို့သူမကခေါ်ဆိုတတ်ပြီး အမေမွှေးကိုလည်း ငယ်စဉ်ကတည်းကကြောက်ရပါတယ်လို့ဆိုပါတယ်။ မို့မို့မြင့်အောင့်ဟာ ဆိုရင် အနုပညာရဲ့အခြေခံ ကစလို့ အားလုံးကိုသိရှိနားလည်အောင် သူမရဲ့တပည့်ဖြစ်သူများ ကို သင်ကြားရာမှာလည်း တကယ် ကို ထိထိရောက်ရောက်သင်ကြားတာကိုကြည့်ပြီးတော့ သူမငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေ ဖြစ်လာခဲ့ပါတယ်လို့ဆိုပါတယ်။

ငယ်စဉ်ကတည်းက ပစ်တိုင်းထောင်ဆိုတဲ့သီချင်း MTV ရိုက်စဉ်ကတည်းက တူဝရီးနှစ် ယောက် အတူသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပစ်တိုင်းထောင် MTV ထဲက စက်ဘီးမှောက် တဲ့အခန်းမှာ သူမကမျက်ရည်မကျတာမို့ ဗိုက်ခေါက်လိမ်ဆွဲခဲ့တယ်လို့ဆိုပါတယ်။ အသက် ကြီးလာတဲ့အခါမှာလဲ ရှုတင်တစ်ခုမှာငိုရမယ့်အခန်းကိုသူမကမျက်ရည်မကျနိုင်တာမို့ ကျောကိုရိုက်ပြီး ငိုအောင်လုပ်ခဲ့ တယ်လို့လည်းဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေကတော့ မျက်ရည်ဘယ်လိုချူရမလည်းဆိုတာ အပွေးမြင်အပင်သိပုံပါပဲ။ သူမက အမေမွှေး (မို့မို့မြင့် အောင်) စီကိုတော့ တကူးတကသွားမသင် ဖြစ်ပေမယ့် ရိုက်ကွင်းပေါ်မှာ တူဝရီးနှစ်ယော က်ဆုံတဲ့အခါ သင်ပေးဖြစ်တယ်လို့ သူမကဆိုပါတယ်။

အဒေါ်ဖြစ်သူ မို့မို့မြင့်အောင်ဟာဆိုရင် အနုပညာကိုအရမ်းချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး သူမကိုလည်း အနုပညာကိုချစ်မြတ်နိုးဖို့ အမြဲဆိုဆုံးမလေ့ရှိတယ်လို့ဆိုပါတယ်။ Admin တို့ ငယ်ငယ်ကတည်းကနားထောင်လာခဲ့တဲ့ ပစ်တိုင်းထောင် သီချင်း MTV ထဲက ကလေးမလေး ဟာ ခုဆိုရင် ဝါဆိုမြင့်အောင်ဆိုပြီး အပျိုကြီးဖားဖားဖြစ်လာပြီး ရုပ်ရှင်ကားတွေတောင်ရိုက်ကူး နေပြီပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ လတ်တလောမှာတော့ Video ဇာတ်ကားတွေရိုက်ကူးနေ တာဖြစ်ပြီး ရုပ်ရှင်ကားကြီးအဖြစ် “ ကျွန်မချစ်သောယောကျာ်းသုံးယောက် ” ဆိုတဲ့ကားကို အူဝဲရဲ့ငယ်ဘဝကို သရုပ်ဖော်ထားတာဖြစ်ပြီး ဇာတ်ကားထွက်လာရင်လည်း ပရိတ်သတ်တွေ အားပေးပါဦးလို့ သူမက ဆိုပါတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။