အလှမယ် ရွှေအိမ်စည်က Miss Universe Myanmar Orginazationရဲ့ National Director ဖြစ်တဲ့ ဒေါ်စိုးယုဝေကို တရားစွဲဆိုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်..။

အခုလို တရားဆွဲဆိုမှုကို ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ လပိုင်းလောက်က ပြောကြားခဲ့တာ ဖြစ်ပြီး ယခု နိုဝင်ဘာ အစောပိုင်းမှာ တရားဆွဲဆိုခဲ့တာ ဖြစ်ပါတယ်..။

တရားဆွဲဆိုမှုကို ရှေ့နေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး စပြီးရင်လည်း အဆုံးထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အဲ့ဒီအကြောင်းကို ရွှေအိမ်စည်က သူမရဲ့ fb စာမျက်နှာမှာ အခုလိုရေးသားထားတာ တွေ့ရပါတယ်..။

“တရားစွဲဆိုတဲ့အခါမှာ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ပြီး လေးစားမှု ရှိဖို့ လိုပါတယ်။

လူမှုရေး နယ်ပယ်မှာ ဘယ်သူက မတရားလုပ်တယ်ဆိုတာ သိသာထင်ရှားပြီး ဝေဖန်မှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊

နောက်ပြီး

အမှန်၊ အမှား အငြင်း ပွားစရာ မလိုအောင် အများအမြင်မှာ ထင်ရှားနေပါစေ၊

တရားစွဲတဲ့ အခါမှာတော့ ရာဇဝတ်ကြောင်းအရ တရားခံသည် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ထိရောက် ဟန့်တားလောက်အောင် စီရင်ချက် အမိန့် ချမှတ်တဲ့ အထိ စောင့်ဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် တရားစွဲဆိုမှုနှင့် ပတ်သက်တဲ့ ဘယ်လို မေးခွန်းမျိုးကိုမှ တရားခံအပေါ် ရုံးတော်က စီရင်ချက် မချခင် မှတ်ချက်ပေး ဖြေကြားပေးမှာ မဟုတ်ကြောင်း နားလည်ပေးစေချင်ပါတယ်..။” လို့ ပြောထားပါတယ်..။

Miss Grand Myanmar အလှမယ် ရွှေအိမ်စည်ဟာ ပြိုင်ပွဲဝင်ခါနီး တစ်ပတ်အလိုမှာ သရုဖူရုတ်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်..။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်သမားတွေ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်မှုတွေကို မြန်မာနိုင်ငံပေါ် နားလည်မှုလွဲမှားနေတဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာ က သိအောင် ဗီဒီယိုဖိုင်များနဲ့ ချပြခဲ့ပြီတဲ့ နောက်မှာ အဖွဲ့အစည်းက သရဖူပြန်သိမ်းခဲ့တာ ဖြစ်တယ်လို့ ပရိသတ်တွေကြား လူပြောများခဲ့ပါတယ်..။

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ဓာတ်ပုံကြော်ငြာများ ရိုက်ကုူးနေပြီး ဒီနှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ကားလေးတွေလည်း ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်..။

ဒါပေမယ့် ကာရိုက်တာ ပိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အတွက် အသေအချာကြီးတော့ မပြောသေးပါဘူး.. သေချာသွားရင်တော့ ကာရိုက်တာနဲ့တကွ ပရိသတ်တွေကို ပြောပြသွားမှာ ပါလို့ ပြောထားပါတယ်..။

Source - Duwun

Photo Source - Shwe Eain Si fb ၊ Soe Yu wai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။