ယနေ့ နိုဝင်ဘာ ၁၀ရက်နေ့မှာ YBS 35 က ယာဉ်၈စီးကိုဆင့်တိုက်မိခဲ့ပါတယ်။ ကားတိုက်မှုတွေက မကြာခဏဆိုသလို ရန်ကုန်မှာဖြစ်ပွားနေခဲ့တာပါ။ ရှေးလပိုင်းတုန်းကလည်း လှည်းတန်းမှာ ယာဉ်ဆင့်တိုက်မှုတွေဖြစ်ခဲ့ဖူးပါတယ်။ ယခုဖြစ်ရပ်ကတော့ ယနေ့ နေ့လည် ၁၂း၄၀ အချိန် အလုံလမ်းနှင့် ပြည်လမ်း မီးပွိုင့်တွင် YBS 35 မှ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်ခဲ့မိတာပါ။ 

ဖြစ်ပုံမှာ YBS ယာဉ်လိုင်းအမှတ် ၃၅ မှ ခရီးသည်တင်ယာဉ်1F / 5771 သည် မြေနီကုန်းမှ ဟယ်လ်ပင် မှတ်တိုင်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ အလုံလမ်းနှင့် ပြည်လမ်းထောင့်၌ တခြား ယာဉ် ၈စီးကို ဆက်တိုက်ဝင်ရောက် တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ YBS 35 ယာဉ်လိုင်းမှ လက်ထောက်မန်နေဂျာ ဦးဝင်းတင်က “ပတ်ဝန်းကျင်ပြောပြချက်အရ ကားက မြေနီကုန်းတံတား အဆင်းကတည်းက ဘရိတ်ပေါက်လာပြီး၊ အဲဒီအနားက ကားတွေကို ဝင်တိုက်လာ တာ နောက်ဆုံး မီးပွိုင်မှာ ရပ်ထားတဲ့ YBS 21 ယာဉ်ကို နောက်ကဝင်တိုက်ပြီးမှ ရပ်သွားတဲ့ ပုံမျိုးဖြစ်နေတယ်”ဟုပြောကြားခဲ့သည်။  

အဆိုပါဖြစ်စဉ်ကြောင့် လူ ၂ဦး ဒဏ်ရာရခဲ့ပြီး ဝင်တိုက်မိသည့် ကားများမှ ကား ၆ စီးမှာ အပျက်အစီးအတော် များကြောင်း၊ ဝင်တိုက် သည့် YBS 35 ယာဉ် မောင်းသည် ဒဏ်ရာရသော်လည်း မပြင်းထန်ကြောင်း၊ လတ်တလောတွင် အဖမ်းခံထား ရပြီး အသေးစိတ်အချက်အလက် များကိုမူ မသိရှိရသေးကြောင်း ၎င်းက ရှင်းပြသည်။ YBS ၃၅ ယာဉ်လိုင်းသည် ထောက်ကြန့်မြို့ရှောင်လမ်းမှ မော်တင်အထိ ပြေးဆွဲနေသည့် ယာဉ်လိုင်းတခုဖြစ်ပြီး ပြည်လမ်းမှ မော်တင်ဘက်အသွားတွင် ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source - Irrawaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။