မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးကဏ္ဍ၌ကွာဟချက်အ လွန်များပြားနေပြီးပြည်သူ၂၅ရာခိုင်နှုန်းသည်အင်တာနက်အသုံးမပြုနိုင်ကြော င်း တရုတ်ဆက် သွယ်ရေးကုမ္ပဏီ ဟွာဝေး၏ အစီ ရင်ခံစာ၌ဖော်ပြထားပါတယ်။လက်ရှိတွင် မြန်နှုန်းမြင့် 4G ကွန်ရက်သည် မြို့ကြီးများကို သာ လွှမ်းခြုံနိုင်သည့် အနေအ ထားဖြစ်ကြောင်း ၂၀၁၆-၁၇ လူမှုအကျိုးပြုအစီရင်ခံစာတွင် ဟွာဝေးကဖော်ပြထားပါတယ်။

အလားတူမြန်မာနိုင်ငံ၏အပြည်ပြည်ဆိုင် ရာအင်တာနက်ချိတ်ဆက်အသုံး ပြုနိုင်သည့် ပမာဏ (Bandwidth)သည်စင်ကာပူနိုင်ငံနှင့် နှိုင်းယှဉ်ပါ က အဆပေါင်းတစ်ထောင်တွင် တစ်ဆခန့်သာရှိကြောင်း ဟွာဝေး ကထုတ်ပြန်ခဲ့ပါတယ်၊ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ တယ်လီကွန်း ပင်မစီမံကိန်းအရ ၂၀၂၀ ပြည့် နှစ်တွင် နိုင်ငံ့လူဦးရေ ၉၀ ရာခိုင် နှုန်း အင်တာနက်အသုံးပြုလာနိုင် မည်ဟု ခန့်မှန်းထားပါတယ်။ အလားတူ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ့လူဦး ရေ၏ ၅၀ ရာခိုင်နှုန်းသည် မြန်နှုန်း မြင့်အင်တာနက် အသုံးပြုနိုင် မည်ဟု ၀န်ကြီးဌာနက ခန့်မှန်း သည်။ လက်ရှိ မြန်မာနိုင်ငံ လူဦးရေသည် ၅၃ သန်းကျော် ဖြစ်ပါတယ်။

လက်ရှိတွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်ရောင်းချထားသည့် အရေအတွက်သည် သန်း ၅၀ ခန့်ဖြစ်သော်လည်း အမှန်တကယ်မိုဘိုင်း ဖုန်းအသုံးပြုသူသန်း ၃၀ခန့်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။မိုဘိုင်းဖုန်းအသုံးပြုသူအား လုံး၏ ၆၅ ရာခိုင်နှုန်းအထက် သည် အင်တာနက်ချိတ်ဆက်အ သုံးပြုနေပြီး မြို့ကြီးများ၌ လစဉ်မိုဘိုင်းအင်တာနက်ကွန်ရက်ကို 3G ပမာဏခန့် ၀င်ရောက်အ သုံးပြုနေကြောင်း ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောက ကြေညာပါတယ်။

Source – 7daydaily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။