မော်ဒယ် အဆိုတော် သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းကတော့ သူမရဲ့ပုံအဟောင်းလေးတွေကို ပြန် ကြည့်ရင်း သူမကယ်ခဲ့ဖူးတဲ့ ခွေးလေးတစ်ကောင်ပုံကိုတွေ့တော့ သတိတရနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။ သူမသန်လျှင်ဖက်မှာရှုတင်တစ်ခုသွားပြီးအပြန်လမ်းမှာသူမမျက်စိရှေ့မှာ တင်ပဲ ခွေးလေးတစ်ကောင်ကို ကားတိုက်ခံရတာမြင်တွေ့လိုက်ရပါတယ်တဲ့။ တိုက်သွားတဲ့ ကားပိုင်ရှင်ဟာ တိုက်မိတာသိရက်နဲ့ တာဝန်မဲ့စွာထားပြစ်ခဲ့တဲ့အတွက် သူမကဂရုဏာသက် ပြီး ကယ်တင်ခဲ့တယ်လို့ဆိုပါတယ်။

သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ခွေးလေးကိုဆေးရုံတင်ပြီး ကုသပေးခဲ့ပါတယ်။ ပေါင်ကျိုး သွားတာမို့ စတီးချောင်းနှစ်ချောင်းထည့်လိုက်ရတယ်လို့ဆိုပါတယ်။ ခွေးလေးပြန်လည်ကျန်း မာလာတော့ သူမမိတ်ဆွေအကူအညီနဲ့ တကယ်ချစ်ပြီးကျွေးမွေးစောင့်ရှောက်မယ့် မိသားစု အိမ်ဆီကိုပို့ပေးခဲ့ပါတယ်တဲ့။ လက်ရှိမှာတော့ ခွေးလေးက မိသားစုတောင်ရလို့ အေးချမ်း နေပြီလို့ဆိုပါတယ်။ သူမပြီးခဲ့တဲ့ရက်ပိုင်းက ကယ်လာတဲ့ Jackey ဆိုတဲ့ခွေးလေးဟာ သူမရဲ့ အိမ်မှာအေးချမ်းစွာရှိနေပြီး အားလုံးရဲ့ ဂရုဏာသက်ခြင်းကိုလည်း အပြည့်အဝခံစားနေရပါ တယ်လို့ဆိုပါတယ်။

သူမကိုချစ်သောပရိတ်သတ်တွေအားလုံးကိုလည်း တိလေးတွေကိုချစ်ခင်စွာစောင့်ရှော က် ပေး နိုင်ပါစေလို့ သူမက ဆုတောင်းပေးထားပါသေးတယ်။ ဝိုင်းစုရဲ့လုပ်ရပ်ကို သာဓုခေါ်ပါ တယ်ဝိုင်းစုရေ။ သတ္တဝါလေးတွေဆိုတာ လူလောက်အသိဉာဏ်မမြင့်မားပေမယ့်သူတို့မှာ လည်းခံစားချက်ရှိပါတယ်။ တိလေးတွေကို ချစ်ခင်မြတ်နိုးသူတွေဟာ နှလုံးသားနူးညံ့သူ တွေပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးမှာရော ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေး တွေရှိလား။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။