ကိုယ်ဝန်ဆောင်စဉ် ပထမ ၃ လအတွင်းမှာ မဖြစ်မနေ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ အစားအသောက်ရော၊ အနေအထိုင်ပါ သေသေချာချာ ဂရုတစိုက် သတိထားသင့်ပါတယ်။ တစ်ချို့ ကိုယ်ဝန်ရှိမှန်း မသိဘဲ အစားအသောက် မဆင်ခြင်မိတဲ့ မိခင်တွေကြောင့် သန္ဓေသားအတွက် ထိခိုက်မှုတွေ ရှိနိုင်ပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်းကိုတော့ ဖော်ပြပါ အစားအသောက်တွေက ဒုက္ခမပေးနိုင်ပေမယ့် ရှောင်ကျဉ်သင့်တဲ့ အစာတွေအဖြစ်တော့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုအသီးအရွက်တွေက သွေးထွက်ခြင်း၊ သားအိမ်ကျုံ့ခြင်း၊ သားအိမ်ခေါင်းကျယ်ခြင်း စတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒ့ါကြောင့် ကာကွယ်ခြင်း က ကုသခြင်းထက် ပိုကောင်းမွန်ပါ တယ်လို့ သတိပေးရင်း ကိုယ်ဝန်နုစဏ်ကာလာအတွင်း ရှောင်ကြဉ်သင့်တဲ့ အစားအသောက်များအကြောင်း ဖော်ပြပေးလိုက်ပါတယ်။  

(၁) နာနတ်သီး

နာနတ်သီးကို ကိုယ်ဝန် ဆောင်စဉ် ပထမ ၃ လအတွင်း မစားတာ ပိုကောင်းပါတယ်။ နာနတ်သီးမှာပါတဲ့ Brometain က သားအိမ်ကို ပျော့ပြောင်းကာ ကျံု့သွားစေနိုင်ပါတယ်။ ဒါကြောင့် ပထမ ၃ လအတွင်း နာနတ်သီးစား ခြင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းတွေ ကို ရှောင်ကျဉ်ပေးပါ။

(၂) သင်္ဘောသီး

သင်္ဘောသီးအစိမ်းကို ပိုရှောင် ကျဉ်သင့်ပါတယ်။ မမှည့်သေးတဲ့ သင်္ဘောသီးမှာပါတဲ့ ဓာတ်တွေ က သားအိမ်ကိုကျံု့စေပြီး ကိုယ်ဝန် ပျက်ခြင်းတွေ ဖြစ်စေပါတယ်။

(၃) အညှောင့်ပါတဲ့အာလူး

ကိုယ်ဝန်ဆောင်တွေအတွက်မှ မဟုတ်ပါဘူး။ လူတိုင်းမစားသင့်ပါ ဘူး။ အညှောင့်တွေမှာ အဆိပ်ဓာတ် ပါပြီး မိခင်ရောကလေးကိုပါ ဒုက္ခ ရောက်စေပါတယ်။ အညှောင့်မှာပါတဲ့ Enzymes က သန္ဓေသားကြီးထွား မှုကို ဒုက္ခပေးပါတယ်။

(၄) ပန်းသီးရိုင်း

ချဉ်ခါးပြီး ချိုတဲ့အရသာလည်း အနည်းငယ်ပါတဲ့ ပန်းသီးရိုင်းက အရင်တုန်းကတော့ ကိုယ်ဝန်ဆောင် တွေ မူးဝေအော့အန်ခြင်း သက်သာ အောင် ကျွေးလေ့ရှိတဲ့ အသီးတစ်မျိုး ပါ။ ပန်းသီးရိုင်းက သားအိမ်ကို ကျံု့စေ၊ ညှစ်စေကာ ပြဿနာများစေ ပါတယ်လို့ လေ့လာမှုတွေအရ သိ ရပါတယ်။ အချိန်မတန်ပဲ ကလေး မွေးဖွားခြင်းတွေကိုလည်း ဖြစ်စေနိုင် ပါတယ်။

(၅) သစ်တော်သီး

သွေးထွက်ခြင်း၊ ကိုယ်ဝန်ပျက် ကျခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒ့ါကြောင့် သစ်တော်သီးကို ကိုယ်ဝန်နုစဉ်မှာ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။

(၆) မြင်းခွာရွက်

ပုံမှန်အားဖြင့်တော့ မြင်းခွာ ရွက်က ကျန်းမာရေးအကျိုးကျေးဇူး တွေ များစွာရရှိစေပါတယ်။ သွေးတိုး ကျစေခြင်း၊ နုပျိုစေခြင်းတွေအပြင် အဆိပ်အတောက်ကင်းစင်စေနိုင်ပါ တယ်။ ဒါပေမယ့် မြင်းခွာရွက်စား သုံးတဲ့အမျိုးသမီးတွေက ကိုယ်ဝန်ရှိဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ သိရ ပါတယ်။ 

(၇) Sesame Seed

ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝ မစားမိပါစေနဲ့။ ပျားရည်နဲ့ရောပြီး စားမိရင် ပိုဆိုးပါတယ်။ ချက်ချင်းကိုပဲ ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

(၈) ရှားစောင်းလက်ပတ်

အလှအပရေးရာ အတွက် အသုံးဝင်တဲ့ ရှားစောင်းလက်ပတ်က ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ စားသုံး မိရင်တော့ သွေးထွက်များစေကာ ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ခါစ အစဦးပိုင်းတွေ မှာ လုံးဝကို ရှောင်ကျဉ်ရမှာပါ။

(၉) တိရစ္ဆာန်အသည်း

အဆိပ်ဓာတ်တွေများစွာပါ၀င် နိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ အတွက် ပြဿနာရှိပါတယ်။ ဗီတာမင် A နဲ့ ကိုလက်စထရောတွေ လည်း များစွာပါ၀င်ကာ သန္ဓေသားကို ပြဿနာပေးနိုင်ပါတယ်။

(၁၀) ဒန့်သလွန်သီး

အန္တရာယ်အများဆုံး အသီးဖြစ် ပါတယ်။ အရွက်နဲ့ အပွင့်တွေမှာ ဗီတာမင် C၊ ကယ်ဆီယမ်၊ နို့၊ ဗီတာမင် A၊ သံဓာတ်၊ ပိုတက်ဆီယမ် စတာတွေ ပါ၀င်ပေမယ့် alpha-sitosteral ခေါ်တဲ့ ကိုယ်ဝန်ဆောင် ခြင်းကို တားဆီးပေးတဲ့အရာလည်း ပါ၀င်နေပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီးနောက် သာယာပျော်ရွှင်သော မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ။

Credit: 1st writer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။