မာလကာသီး တွင် ပါရှိသော ဗီတာမင်အေ နှင့် ဗီတာမင်စီများကြောင့် ကျန်းမာရေး အတွက်ရော အလှအပရေးရာ အတွက်ပါ မာလကာသီးက အသုံးဝင်ပါတယ်။ မာလကာသီး Lotion ကလည်း အသုံးပြုလိုက်တဲ့အခါ အသားထဲကို စိမ့်ဝင်သွား ပြီး အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများ မရှိတော့ဘဲ မျက်နှာ အသားအရေကို ချောမွေ့ဝင်းမွတ် လာစေပါတယ်။ 

အဆီ များပြီး ၀က်ခြံပေါက်သော အသားရေ ပိုင်ရှင်များအတွက်လည်း သင့်တော်ကောင်းမွန်ပါတယ်။ အသားအရေ လှပစိုပြေချင်သူများအတွက်လည်း သုံးစွဲနိုင်ပါတယ်။ ထို့ကြောင့် ငွေကြေး အကုန်အကျ သက်သာပြီး သုံးစွဲလို့ ရမဲ့ မာလကာသီး Lotion ကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နိုင်ရန် အတွက် အလွယ်ကူဆုံး နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

မာလကာသီးနှစ်လုံး

ပျားရည် လေးဇွန်း (ထမင်းစားဇွန်း)

သံလွင်ဆီ လေးဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်ပုံအဆင့်ဆင့်

- မာလကာသီး နှစ်လုံး ကို အခွံနွှာ၍ ကြိတ်စက်ထဲထည့်ပြီး အစေ့ များ ကြေသွားသည်အထိ နှစ်မိနစ်လောက်ကြိတ်ပေးပါ။

- အပူခံခွက်တစ်ခုထဲသို့ ပျားရည် လေးဇွန်းထည့်၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည်ပျော်သွား သည်အထိ ၁၀ စက္ကန့်လောက် အပူပေးပါ။ (အပူအနည်းငယ်ပေးပါ)

- ထို့နောက် ပျားရည်ထဲသို့ သံလွင်ဆီ လေးဇွန်းထည့်၍ ရောသမ မွှေပေးပါ။

- ထိုပျားရည်နှင့် သံလွင်ဆီးထဲသို့ ကြိတ်ထားသော မာလကာ သီး အနှစ်ရည်များအားလုံး လောင်းထည့် ပြီး ဆက်တိုက် မွှေပေး ပါ။

- ထို့နောက် အားလုံးကို microwave ထဲထည့်၍ အငွေ့ ပျံသွားသည်ထိ စက္ကန့် ၃၀ လောက် အပူပေးပါ။

- သိပ်မအေးခင် အနေအထားတွင် အဖုံးလုံသော ဘူးတစ်ဘူး ထဲသို့ ပြောင်းထည့်လိုက်ပြီး အဖုံးကိုလုံ အောင် ပိတ်ထားရပါမယ်။ အေးသွားသော အခါမှာသာ ထို Lotion ဘူးကို ရေခဲသေတ္တာထဲ သိမ်းထားပါ။

ယခုပြုလုပ်သော Lotion ထဲတွင် တာရှည်အထားခံရန် ဖြည့်စွက် ဓာတုပစ္စည်းများ လုံးဝမပါရှိသည့်အတွက် အခန်း အပူချိန်မှာထားရင် အာနိသင်ပြယ်စေပါတယ်။ အချိန် နှစ်လကျော် ကြာသည်အထိ အိမ်မှာ ပြုလုပ်ထားသောLotion ကိုမသုံးသင့်ပါ။

သာယာလှပသော နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင် … ။

Source : YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။