ဇွန်သဉ္ဇာဟာမြန်မာနိုင်ငံရဲ့Sexy မော်ဒယ်တွေထဲမှာနာမည်အကြီးအဆုံးနဲ့ပရိသတ်တွေကြားရေးပန်းအစားဆုံးမော်ဒယ်တစ်ယောက်ပဲဖြစ်ပါတယ်။သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုအမြဲဖော်ပြလေ့ရှိပြီးပုရိသတွေရင်ခုန်စိတ်လှုပ်ရှားစေသူတစ်ယောက်လဲဖြစ်ပါတယ်။ဇွန်သဉ္ဇာဟာအနုပညာလှုပ်ရှားမှုတွေလဲပြုလုပ်လျက်ရှိပြီးအောင်မြင်နေတဲ့ Sexy မော်ဒယ်တစ်ဦးပဲဖြစ်ပါတယ်။သူမရဲ့ဖျော်ဖြေတင်မှုဆက်မှုတွေကိုပရိသတ်တွေအထူးစိတ်ဝင်စားကြပေမယ့်လက်ရှိမှာတော့မြို့နယ်သဘင်အစည်းအရုံးကသူမရဲ့ဖျော်ဖြေမှုကိုပိတ်ပင်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပဲကြုံနေရတာပဲဖြစ်ပါတယ်။

ဇွန်သဉ္ဇာဟာချောက်မြို့တန်ဆောင်မုန်းပွဲတော် မဟာအေးစေတီဘုရားပွဲတော်မှာ စိန်မဟာ သဘင်နဲ့အတူသီဆိုဖျော်ဖြေဖို့ပွဲလက်ခံခဲ့တာပဲဖြစ်ပါတယ်။ပွဲကြော်ငြာကို(၉)လပိုင်း၃ရက်နေ့ကတည်းကကြော်ငြာထားခဲ့တာဖြစ်ပြီးသူမရဲ့ဖျော်ဖြေမှုကိုချောက်မြို့ကပရိသတ်တွေအထူးစိတ်ဝင်စားစောင့်မျှော်ခဲ့ကြရတာပဲဖြစ်ပါတယ်။မဟာအေးစေတီဘုရားပွဲတော်ဂေါပကအနေနဲ့ကလဲပွဲတော်အစည်းအဝေးမှာကတည်းကနိုင်ငံတော်ကခွင့်ပြုရင်သူတို့သဘောကတော့ဇွန်သဉ္ဇာကိုပိတ်ပင်မှုမရှိပါဘူးလို့ပြောခဲ့တာဖြစ်လို့ဇွန်သဉ္ဇာဖျော်ဖြေဖို့လက်ခံခဲ့တာဖြစ်တယ်လို့ချောက်မြို့မှ ပွဲငှားစီစဉ်သူဦးစိန်ကလားက ပြောပါတယ်။အခုဟာကမြို့နယ်သဘင်အစည်းအရုံးကဇွန်သဉ္ဇာရဲ့ဖျော်ဖြေမယ့်အစီအစဉ်ကိုပိတ်လိုက်တာပါလို့သိရပါတယ်။ဇွန်သဉ္ဇာ(Sexymodel)ရဲ့ဝတ်စားဆင်ယင်ဖျော်ဖြေတင်ဆက်မှုတွေဟာမြန်မာ့သဘင်စင်မြင့်နဲ့အပ်စပ်မှုမရှိခြင်း၊ဗုဒ္ဓပူဇနိယပွဲတော်တွေရဲ့ပုံရိပ်ကိုကျဆင်းစေခြင်းတို့ကြောင့်မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)ကတရားဝင်ခေါ်ယူသတိပေးခြင်းနဲ့ခံဝန်ကတိတောင်းခဲ့ပေမယ့်အကြိမ်ကြိမ်ဖောက်ဖျက်ပြီးလိုက်နာမှုမရှိလို့သူ့မရဲ့ဖျော်ဖြေမှုတွေကိုမြန်မာ့ဇာတ်သဘင်စင်မြင့်မှာကပြဖျော်ဖြေခြင်းကိုကန့့်ကွက်ခဲ့ကြတာပဲဖြစ်ပါတယ်။

မကွေးတိုင်းသဘင်ဥက္ကဋ္ဌ မင်းသား ကိုခန့်ကို ကနေပြီးတော့ ချောက်သဘင် အစည်းအရုံးကို စာဝင်စာထွက်မဟုတ်ဘဲ ဖုန်းနဲ့ပြောပိတ်ခိုင်းလို့ပိတ်ခဲ့ရတာဖြစ်တယ်လို့ဦးစိန်ကုလားကပြာပါတယ်။မြို့နယ်သဘင်အစည်းအရုံးက ဇွန်သဉ္ဇာရဲ့ ဖျော်ဖြေမှုကိုပိတ်ခဲ့လို့ စိန်မဟာသဘင်မှ ပွဲထွက်ချိန်ထက်၂နာရီနောက်ကျပြီးကပြခဲ့ရတယ်လို့သိရပါတယ်။ပွဲကိုကသင့်မကသင့်တိုင်ပင်ခဲ့ကြပြီးနောက်ကျပွဲထွက်ခဲ့ရတာကြောင့် ရုံဝင်ကြေး ၃၀၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် လျှော့ပြီး ရုံသွင်းကပြခဲ့ပေမယ့် ရုံဝင်ကြေးငွေ သုံးသောင်းပဲရရှိခဲ့တယ်လိုဆိုပါတယ်။ဇွန်သဉ္ဇာ စရန်ပေးငွေနဲ့စိန်မဟာသဘင်တစ်ညတာအနုပညာကြေးငွေ အားလုံးပေါင်း ၁၅ သိန်းလောက် ဆုံးရှုံးခဲ့တယ်လို့  ပွဲစီစဉ်သူဦးစိန်ကုလားကပြောပါတယ်။

သတင်းအရင်းအမြစ် - ဦးစိန်ကုလား(ပွဲစီစဉ်သူ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။