လာမယ့် SBS ရဲ့ "Running Man" ရုပ်သံ အစီအစဉ် မှာ မင်းသမီး Jun So Min နဲ့ Super Junior မှ Eunhyuk တို့ မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ လာမယ့် "Running Man" ရုပ်သံ အစီအစဉ် ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်လွှင့်မှာပါ။ ဧည့်သည် သရုပ်ဆောင်တွေ အနေနဲ့ Super Junior’s Leeteuk, Eunhyuk, Donghae, and Yesung တို့ပါ၀င်မှာပါ။ ဒါ့အပြင် Red Velvet အဖွဲ့မှ Irena နဲ့ Joy တို့လည်းပါ၀င်ပါတယ်။

မင်းသမီး Jun So Min တစ်ယောက် Eunhyuk ကို တွေ့တဲ့ အချိန်မှာ သူမ အလွန်ပျော်ရွှင်ကျေနပ်နေခဲ့ပါတယ်။ သူမ ရဲ့ ပျော်ရွှင်မှု ကို ဟန်တောင်မဆောင် နိုင်ခဲ့ပါဘူး။ Eunhyuk ကလည်း အရမ်းဝမ်းသာ သွားပါတယ်။ သူတို့ နှစ်ယောက်ဟာ မူကြိုကျောင်းမှာ ထဲက သူငယ်ချင်းတွေ ဖြစ်ခဲ့တာပါ လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သူတို့ငယ်ဘဝ ဓာတ်ပုံတွေကိုပါ ကြည့်ရှုသူတွေကို ပြန်လည် မျှဝေခဲ့ပါသေးတယ်။

Eunhyuk က လည်း ဟိုးငယ်ငယ်လေးတုန်း ကတည်းက ခင်မင်တဲ့ သူငယ်ချင်း မင်းသမီး Jun So Min ကို ပြန်တွေ့ရလို့ ၀မ်းသာပြီး ပီတိတွေ ဖြာနေပါတယ်။ သူတို့နှစ်ယောက် ရဲ့ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန် ပြောပြတော့ အားလုံး ရယ်မောခဲ့ရပါတယ်။ Eunhyuk က Jun So Min ကို "ကလေးဘဝတုန်းက နင်ငါ့ကို ကြိတ်ကြိုက်နေတာမှတ်လား" လို့ပြောတော့ Jun So Min က "နင်လည်းငါ့ကို ကြိုက်နေခဲ့တာပဲမှတ်လား။ ငါ့အတွက် ခရစ်စမတ်ကဒ်တောင် နင်ပေးခဲ့သေးတယ်လေ" လို့ ပြန်ပြောလိုက်ပါတယ်။ သူတို့ နှစ်ယောက် ငယ်ငယ် က အကြောင်းတွေ ဖောက်သည်ချ တော့ အားလုံးရယ်မောပျော်ရွှင်ခဲ့ကြပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။