မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ကိုးနှစ်ကျော်ကြာလက်တွဲခဲ့တဲ့ ချစ်သူနဲ့ မင်္ဂလာ လက်မှတ်ထိုးပွဲလေးကို ငွေဆောင်ကမ်းခြေမှာ Romantic ဆန်ဆန်လေး ပြုလုပ်ခဲ့ပါတယ် ။ အနုပညာရှင်သူငယ်ချင်းတွေကို အရံသတို့သားသတို့သမီးတွေ လုပ်ပေးကြတဲ့အပြင် ကမ်းခြေသောင်ပြင်မှာ လှလှလေးပြင်ဆင်ထားတဲ့ အခမ်းအနားလေးမှာ ချစ်သူခင်သူမိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မင်္ဂလာလက်မှတ်ထိုးပွဲလေးကို ဆင်နွှဲခဲ့တာမို့ မြင်သူတိုင်းက သဘောကျနေပေမယ့်လည်း မင်္ဂလာပွဲနောက်မှာဖြစ်တတ်တဲ့ ဂယက်လေးတွေလည်း ရှိခဲ့တာမို့ သတို့သမီးလေးက ငိုချင်တယ်လို့ ဆိုလာတာပါ ။

" ပွဲတစ်ပွဲလုပ်ရင်ဂယက်ထမယ်ဆိုတာကြိုတွေးထားပီးသားပါ

ဒါပေမယ့်ကိုယ်မထင်ထားတဲ့ဆီကထတဲ့ဂယက်ဆိုတော့စိတ်တော့မကောင်းဘူး ငိုချင်တယ်

အားတင်းထားနန်းမြတ်ဖြိုးသင်းရေ ဒါတောင်တစ်ပွဲပဲရှိသေးတယ် " လို့ သူမရဲ့ လူမှုကွန်ယက်ကနေပြောထားခဲ့တာကို မိတ်ဆွေသူငယ်ချင်းတွေက ၀ုိင်းဝန်းအားပေးနှစ်သိမ့်နေကြပါတယ် ။ 

ပွဲတစ်ပွဲကိုစီစဉ်ရတာ အလွန်အလုပ်များပြားလှပြီး မင်္ဂလာပွဲဆိုရင်တော့ ပုံမှန်ပွဲထက်ကို ပိုအလုပ်ရှုပ်ပင်ပန်းရတာ ထုံးစံပါ ။ လစ်ဟာတာလေးတွေရှိတတ်တာမို့ မင်္ဂလာပွဲတစ်ခုအပြီးမှာ မင်္ဂလာမောင်နှံနဲ့ မိတ်ဆွေတွေကြားဂယက်တွေလည်းထလေ့ရှိပါတယ် ။ မင်းသမီးလေးခမျာ လူပင်ပန်းရတဲ့အထဲ စိတ်ပင်ပန်းပါခံလိုက်ရတဲ့ပုံပါ ။

ပရိတ်သတ်တွေရှိရင် အားပေးသွားကြပါဦးနော် ... 

သတင်းအရင်းမြစ် Nan Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။