မန်ချက်စတာ ယူနို်က်တက် နည်းပြ ဟိုဆေးမော်ရင်ဟို ဟာ ကွင်းလယ်လူ ဖယ်လေနီ ကို လာမယ့် ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ စဉ်းစားနေပြီး ရှက်တာဒိုးနက် အသင်းရဲ့ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ် ကို ခေါ်ယူအားဖြည့်ဖို့ စိတ်ကူးနေတယ်လို့ သတင်းရရှိပါတယ် ။ ဖယ်လေနီကတော့ ဒီရာသီမှာ ပွဲကစားခွင့်တွေရနေပေမယ့် အကြောင်းအချို့ကြောင့် ရောင်းဖို့ရှိနေတာပါ။

ဒါကတော့ ယူနို်က်တက် ဘုတ်အဖွဲ့ဟာ မော်ရင်ဟို ကို ကစားသမားသစ်ခေါ်ယူလိုပါက အသင်းရှိကစားသမား တစ်ဦးဦး ကို ရောင်းထုတ်ပြီးမှသာ ခေါ်ယူဖို့ ခွင့်ပြုထားတယ်လို့ ကြားသိရပြီး ဖယ်လေနီ ကို တူရကီကလပ် ဘက်ဆစ်တပ် က ပေါင် ၈ သန်းဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ မန်ချက်စတာယူနို်တက်က ပေည့ဘာဒဏ်ရာ ရနေချိနိမှာ ကွင်းလယ်က အားပျော့နေပါတယ်။

ဒါကြောင့် မော်ရင်ဟို ဟာ ဖယ်လေနီ ကို ရောင်းထုတ်ကာ ရှက်တာဒိုးနက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖရက် ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဖြစ်တယ်လို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ် ။ ဖရက်ဒ် ဟာ ရှက်တာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး နွေရာသီကမှ ကာလရှည် စာချုပ်သစ်ချုပ်ဆို ထားသူဖြစ်ပါတယ် ။ဒါပေမယ့် ယခုနှစ် ချန်ပီယံလိဂ် မှာ ခြေစွမ်းပြသထားတာကြောင့် ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျမှုကို ခံနေရသူလည်းဖြစ်ပါတယ် ။

Source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။