မင်းသမီးချောလေး ရွှေမှုံရတီကတော့ သူမရဲ့ လက်ဦးဆရာတွေဖြစ်တဲ့ ဆရာ(၅)ယောက်ရဲ့ နာမည်တွေကို ထုတ်ဖော်ပြောလိုက်ပါတယ်..။

ရွှေမှုံရတီဟာ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိအောင်မြင်လာတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

လက်ဦးဆရာတွေကတော့ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်တို့ ဖြစ်တယ်လို့ နိုဝင်ဘာ(၁၂)ရက်နေ့မှာ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ရွှေမှုံရတီက သူမကို ယုံကြည်စွာ မြေတောင်မြှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောရင်း အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“သမီးရဲ့ကျေးဇူးရှင်အနုပညာပျိုးခင်းကဆရာ၅ယောက်လုံး

သမီး ကိုယုံကြည်စွာမြေတောင်မြှောက်ပေးခဲ့တာအခု ဆို ၆ နှစ်ပြည့်ခဲ့ပါပြီ

ကျေးဇူးတင်စွာဖြင့်ကန်တာ့လိုက်ပါတယ်…

သမီးဒီထက်ကြိုးစားပါ့မယ်

သမီးဆရာ၅ယောက် လုံးကို အရမ်းချစ်ပါတယ် (အန်ကယ်လေး /ကိုခန့်/ကိုနေတိုး/ကိုတီ/ကိုမြင့်မြတ်)

အနုပညာပျိုးခင်းကဆရာငါးယောက်ရဲ့

ထာဝရ တပည့်

ရွှေမှုံရတီ

ကြိုးစားလျှက်” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်..။

ရွှေမှုံရတီဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်တဲ့ အသက်ငယ်ဆုံး ခေါင်းဆောင်မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာလေးတွေနဲ့ ပွင့်လင်းတဲ့စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး တစ်လက်ဆိုလည်း မမှားပါဘူး..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေပြီး အခမ်းအနားပွဲများ တတ်ရောက်ပြီး ကြော်ငြာများနှင့် ဇာတ်ကားများလည်း ရိုက်ကူးနေတယ်လို့ ဆိုပါတယ်..။

ရုပ်ရှင်ဇာတ်ကားကြီးများလည်း ဆက်တိုက်ရိုက်ကူးနေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဖေ့စ်ဘုတ်ဘုရင်မ” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်..။

Source - Shwe Hmone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။