ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Studio Dragon မှနေပြီး ပရိသတ်တွေအကြိုက်ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းတွဲနှစ်ခုဖြစ်တဲ့ Signal နဲ့ Secret Forest တို့ကို Season-2အဖြစ်ထပ်မံရိုက်ကူးထုတ်လွှင့်သွားမည်ဟုကြေညာခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲနှစ်ခုလုံးအား tvN ရုပ်သံလိုင်းမှ ထုတ်လွှင်ပြသမှာလည်းဖြစ်ပါတယ်။

Signal ဇာတ်လမ်းတွဲကို ၂၀၁၆ခုနှစ် ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ကြည့်ရူ့သူနှုန်းမှာတတိယအများဆုံးအထိရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။အဆိုဇာတ်လမ်းတွဲတွင် ကင်ဆိုဆွန်း၊ ဂျိုဂျင်ဝန်း ၊ လီဂျီဟွန်းတို့ပါဝင်ထားပါတယ်။ လတ်တလောတွင်Season-2အတွက် ဘာမှထပ်မံကြေညာထားခြင်းမရှိသော်လည်း ၂၀၁၈နှောင်းပိုင်းတွင်ထုတ်လွှင့်မည်ဟုကြေညာထားပါတယ်။

ထို့အတူ tvN ရဲ့နောက်ထပ်လူကြည့်များဆုံးဇာတ်လမ်းတွဲ Secret ForestSeason-2ကိုလည်း၂၀၁၈ ဇူလိုင်လတွင်ထုတ်လွှင့်ဖို့ကြေညာထားပါသေးတယ်။ဇာတ်လမ်းအတွက် ဇာတ်ညွှန်းဟာလည်းထွက်ရှိလာပြီဖြစ်ပြီး ပါဝင်မည့်သူများမှာ မူလသရုပ်ဆောင်များဖြစ်သည့် ဘေဒူနာ ၊ချိုဆောင်ဝူးတို့အပြင်အခြားသရုပ်ဆောင်များလည်းပါဝင်မည်ဟု ကြေညာထားပါတယ်။

Source - allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။