Original Gangsterရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ Gangster ကြီး၂ယောက်ကိုပြန်လည်မြင်တွေ့ရတာပဲဖြစ်ပါတယ်။ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့ပရိသတ်တွေရဲ့အားမှုများစွာရရှိထားတဲ့OriginalGangsterရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့မြင့်မြတ်နဲ့ယုန်းလေးပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားထဲမှာတော့ဇာတ်ရုပ်ပြင်ပြီအောင်မိုက်တိမိုက်ကမ်းလူမိုက်ဇာတ်ရုပ်ကိုသရုပ်ဆောင်ခဲ့ကြပေမယ့်အပြင်မှာတော့သဘောကောင်းပြီးအမြဲပြုံးနေတက်တဲ့သူတွေပဲဖြစ်ပါတယ်။ 

ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားခဲ့ကြတဲ့"အမည်ပေါက်နဲ့ကျူး’ရုပ်ရှင်ဇာတ်ကားကြီးရဲ့လက်မှတ်ထိုးပွဲလေးမှာပရိသတ်အချစ်တော်မြင့်မြတ်နဲ့ယုန်လေးတို့၂ယောက်ကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။အမည်ပေါက်နဲ့ကျူးရုပ်ရှင်ဇာတ်ကားကြီးကိုမနေ့ကအမျိုးသားနေ့မှာလက်မှတ်ထိုးရုံတင်ပြသတဲ့ပွဲလေးပြုလုပ်ခဲ့တာဖြစ်ပြီးအောင်မြင်မှုများစွာရရှိခဲ့တာပဲဖြစ်ပါတယ်။အမည်ပေါက်နဲ့ကျူးရုပ်ရှင်ဇာတ်ကားကြီးရဲ့အဓိကသရုပ်ဆောင်များဖြစ်ကြတဲ့မြင့်မြတ်နဲ့အိချောပိုတို့နဲ့အတူအနုပညာရှင်ပေါင်းများစွာလက်မှတ်ထိုးခဲ့ကြတာပဲဖြစ်ပါတယ်။

အမည်ပေါက်နဲ့ကျူးရုပ်ရှင်ကားကြီးရဲ့အောင်မြင်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူGangsterကြီး၂ယောက်ရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကိုလဲမြင်တွေ့ရတာပဲဖြစ်ပါတယ်။အဆိုတော်သရုပ်ဆောင်ယုန်လေးဟာလဲသူရဲ့လူမှုကွန်ယက်မှာအမှတ်တရပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေအရမ်းကိုအားပေးခဲ့ကြရပြီးဆက်လက်စောင့်မျှော်နေတဲ့OriginalGangster(3)ကိုလဲခက်ခက်ခဲခဲစွန့်စားမှုတွေနဲ့ရိုက်ကူးထားပြီးမကြာမှီမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့မင်းသားချော၂ယောက်ရဲ့ပုံရိပ်လေးတွေကိုလဲမျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ယုန်လေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။