ပျောက်သွားတဲ့ ရဲတပ်ဖွဲ့ပိုင်သေနတ်ကို လာအပ််ပါက ဆုငွေ၅သိန်းပေးမည်ဟု ကြေညာခဲ့ပါတယ်။ ထို့နောက်တွင် ပျောက်ဆုံးသွားခဲ့တဲ့ သေနတ်ကို လာရောက်အပ်နှင်းခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ 

ဖြစ်စဉ်မှာ ကချင်ပြည်နယ် ပူတာအိုမြို့ နယ် နောင်မွန်မြို့မရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များသည် ပူတာအိုမြို့မှ ဘဏ်ငွေထုတ်၍ ပြန်လာစဉ် ရဲ တပ်သားတစ်ဦး၏ဆိုင်ကယ်ခုံ ပေါ်တွင် အိတ်ဖြင့် ထည့်ထား သော BA-94 သေနတ်နှင့်ကျည် ငါးတောင့်ပျောက်ဆုံးမှု နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။ ‘‘သေနတ် ပျောက်သွား တော့ သက်ဆိုင်ရာဒေသခံ ဘာ သာရေးဆရာတွေ၊ သင်းအုပ် ဆရာတွေကိုပြောပြီး ဆုငွေငါး သိန်းပေးပါမယ်ဆိုပြီး ထုတ်လိုက် တယ်။ ဒီမနက် (နိုဝင်ဘာ ၁၃ ရက် မနက်)လာအပ်တယ်။ အခမ်းအနားလေးနဲ့ လက်ခံလိုက်တယ်’’ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။  

သေနတ်သည် ပူတာအိုမြို့ နှင့် နှစ်မိုင်ခန့်အကွာ ဂျူဗလီကျေး ရွာတွင် ပြုတ်ကျပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး ပြန်လည် ရှာဖွေသော် လည်း မတွေ့တော့၍ ရဲတပ်ဖွဲ့က ဆုငွေထုတ်ခဲ့သည်။ ဂျူဗလီကျေးရွာမှ တောင်သူ ဦးဒခွမ်ခင်ဆားက ကောက်ရထားကြောင်း အကြောင်းကြား၍ အခမ်းအနားပြုလုပ်ကာ ဆုငွေကျပ် ငါးသိန်းပေးအပ်ခဲ့ကြောင်း ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့က ဆိုသည်။ သေနတ်ပျောက်ဆုံးသည် အထိ တာဝန်ပေါ့လျော့သူ ရဲတပ် ဖွဲ့ဝင်အဆင့်ဆင့်ကို အရေးယူ မည်ဖြစ်ပြီး ပြည်သူလူထုက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် ယခုဖြစ်စဉ်ကြောင့် ဒေသခံများ အား ကျေးဇူးတင်ကြောင်း ရဲမှူး ကြီးဇော်ခင်အောင်က ပြောသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။