သူတို့စုံတွဲလေးကတော့ ဟောလိ၀ုဒ်ရဲ့ ချစ်စရာအကောင်းဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ရရှိထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။

ဗြိတိန်အဆိုတော် One Direction အဖွဲ့ဟောင်း Zayn Malik နဲ့ ကမ္ဘာကျော်စူပါမော်ဒယ် Gigi Hadid တို့စုံတွဲလေးဟာ နို၀င်ဘာလ(၁၃)ရက်နေ့မှာ ချစ်သူသက်တမ်း (၂)နှစ်ပြည့်ပြီလို့ သိရပါတယ်။

ဟောလိ၀ုဒ်ဆယ်လီစုံတွဲတော်တေ်ာများများ ပြတ်လိုက်ဆက်လိုက် ဆောက်တည်ရာမရ ဖြစ်နေချိန်မှာ သူတို့စုံတွဲလေးကတော့ မြဲနေတုန်းပါပဲ။

ကမ္ဘာကျော် Brand Victoria Secrets မော်ဒယ်တစ်ဦးဖြစ်တဲ့ အသက်(၂၂)အရွယ် ဂျီဂျီ နဲ့ အဆိုတော် Zayn တို့စုံတွဲလေးဟာ သူတို့နှစ်ဦးရဲ့ Relationship ကို အများပြည်သူရှေ့မှာတင် Official တွဲနေတာဖြစ်ပါတယ်။

အင်စတာဂရမ်မှာ နှစ်ယောက်တွဲဓာတ်ပုံလေးတွေ လှုပ်ရှားမှုတိုင်းကို တင်လေ့ရှိပြီး မွေးနေ့ Surprise လက်ဆောင်တွေလည်း အပြန်အလှန်ပေးရင်းကြည်နူးကြတာပါ။

ဒါ့ကြောင့်လည်း အများအားကျရတဲ့ သူတို့စုံတွဲလေးဟာ ယခုချိန်ထိတော့ ချစ်လို့မဝသေးကြပါဘူး။

ပရိသတ်အချစ်တော်နှစ်ဦးဖြစ်တဲ့ သူတို့ဟာ အောင်မြင်မှုကိုယ်စီရှိနေပမယ့် တစ်ဦးရဲ့ အလုပ်ကို တစ်ဦး သွားရောက်အားပေးတဲ့အထိ ဂရုတစိုက်ရှိကြပါတယ်။

နှစ်ယောက်အတူပါ၀င်သရုပ်ဆောင်ထားတဲ့ သီချင်းလေးဖြစ်တဲ့ Pillow Talk ကလည်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေရရှိထားပါတယ်။

ပရိသတ်ကြီးရော ဒီလိုချစ်သူမျိုးပိုင်ဆိုင်ရပြီလား.. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။