သြစတြေးလျနိုင်ငံမှာ ရေလွှာလှိုင်းစီးနေတုန်း ငါးမန်းရဲ့ တိုက်ခိုက်မှုကို ခံရပြီး လွတ်မြောက်ခဲ့သူ ဆရာဝန်တစ်ဦးက သူ့အနေနဲ့ ငါးမန်းရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးပြီး လွတ်မြောက်ခဲ့တာဖြစ်တယ်။ချာလီ ဖရိုင်းဆိုသူ အသက် ၂၅ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆစ်ဒနီမြောက်ဘက်က ကမ်းခြေတစ်ခုမှာ ကစားနေစဉ် သူ့ရဲ့ ညာဘက် ပုခုံးကို ငါးမန်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မစ္စတာ ဖရိုင်းဟာ ရေထဲမှာ ရှိနေတုန်း ငါးမန်းကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပြီး ထိုးပြီးမှ သူ့ရဲ့ ရေလွှာလှိုင်းစီးတဲ့ ဘုတ်ပြားနဲ့ ကမ်းခြေဆီကို ပြန်လာခဲ့တာဖြစ်ပါတယ်။ 

၂၀၁၅ ခုနစ်တုန်းက ငါးမန်းနဲ့ အားပြိုင််ခဲ့တဲ့ မစ်ဖန်နင်ရဲ့အဖြစ်အပျက်က သူ့ကို အခုလို ပြန်လည်တိုက်ခိုက်ဖို့လှုံ့ဆော်မှု ဖြစ်စေခဲ့တယ်လို့မစ္စတာ ဖရိုင်းက ပြောပါတယ်။ငါးမန်းရဲ့ တိုက်ခိုက်မှုကြောင့် ခြစ်ရာတွေနဲ့ အတူ လက်ပေါင်းမှာ ပေါက်သွားတဲ့ ဒဏ်ရာကိုလည်း ရရှိခဲ့ပါတယ်။ရေထဲမှာ ငါးမန်းပေါ်လာတာကို သူ့အနေနဲ့ တွေ့ရှိခဲ့ပြီူ ငါးမန်းရဲ့ မျက်နှာကို သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ထိုးခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ အဲဒီငါးမန်းဟာ ၆ . ၅ ပေ ရှည်တယ်လို့ ပြောပါတယ်။ 

ကယ်ဆယ်ရေး ဟယ်လီကော်ပတာကတော့ မစ္စတာဖရိုင်းပြောတဲ့နေရာနားမှာ ငါးမန်းတကောင်ကို အခင်းဖြစ်ပြီးမကြာခင်မှာပဲ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။မစ္စတာ ဖရိုင်းဟာ နယူးဆောက်ဝေးမှာရှိတဲ့ ဆေးရုံတရုံမှာ တာဝန်ထမ်းဆောင်ဖို့လွန်ခဲ့တဲ့နှစ်လကမှသြစတြေးလျကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကမ်းခြေကို အင်္ဂါနေ့မှာ ပိတ်ထားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။သြစတြေးလျနိုင်ငံက ကမ်းခြေတွေမှာ တနှစ်အတွင်း ငါးမန်းတိုက်ခိုက်ခံရမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှု တစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

Source – BBC News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။