YUPT ကုမ္ပဏီပိုင် ယာဉ်လိုင်းနံပါတ် (၂၉) ပိုက်ဆံပုံးတွင် တစ်ထောင်တန်ငွေစက္ကူအတု ၃ ရွက်ကို အောက်တိုဘာ ၂၁ ရက်နေ့၌ စတင်တွေ့ရှိခဲ့ပြီး၊ နောက်ထပ် ၃ ရွက်ကိုမူ အောက်တိုဘာ ၂၁ ရက်နေ့၌ ထပ်မံတွေ့ရှိ ခဲ့ပြီး စုစုပေါင်း ပိုက်ဆံ ၆ ရွက်ကို CID သို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၄ ရက်က ပြောကြားခဲ့ပါတယ်။

"အဲဒါကတော့ ကျွန်တော်တို့က CID ကို ပို့ပြီး စစ်ဆေးရမှာပေါ့ "ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။ ထိုကဲ့သို့ကိစ္စရပ်များကို ကတ်စနစ်ပေါ်လာလျှင် ဖြေရှင်းနိုင်သွားမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

YBS ဘတ်စ်ကားများပေါ်တွင် စပယ်ယာ မရှိခြင်းကြောင့် အချို့သော ခရီးသည်များသည် ပေါက်ကရ တွေပြုလုပ်တက်ကြကြောင်း၊ တစ်ထောင်တန် ပိုက်ဆံအတုများသည် ကော်ပီဆွဲထားသည့်ပုံပေါ်နေပြီး နံပါတ်တစ်ခုတည်း တူနေသဖြင့် ရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်ဟု YUPTကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ဆိုသည်။

ပိုက်ဆံပုံးများ တပ်ဆင်ပြီး ယာဉ်နောက်လိုက်များ လိုက်ပါမှု မပြုလုပ်စေခြင်းကို YBS စနစ် စတင်ချိန်မှ အသုံးပြုခဲ့ပြီး ခရီးသည်အချို့မှ သတ်မှတ်ထားသည့် ငွေစက္ကူများ အစား တရားဝင်ခြင်းမရှိတော့သည့် ယခင်ခေတ်ငွေစက္ကုများ၊ ငွေစက္ကူအပြဲများ၊ စက္ကူစများ၊ အကာအကွယ်ပစ္စည်းများကို ပိုက်ဆံပုံးများထဲသို့ ထည့်သွား သူများလည်း ရှိသည်ဟု သိရပါတယ်။

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။