Myanmar Idol အစီအစဉ်မှာ ကိုကိုပုရိသတို့အဝန်းရံခံရဆုံး အားအပေးခံရဆုံး ပြိုင်ပွဲဝင် မိန်းကလေး ကတော့ ဘီလီလမင်းအေးပဲဖြစ်ပါတယ်။ သူမဟာ Final List ထိပါဝင်ယှဉ်ပြိုင် ခဲ့သူဖြစ်ပြီး အရည်အချင်းပြည့်၀တဲ့ အဆိုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ချစ်စရာ ကောင်းတဲ့အပြုံးလေးတွေနဲ့ အသံချိုချိုလေးတွေကြောင့် သူမကိုချစ်ခင်အားပေးသူ ပရိတ်သတ် တွေလည်းအများအပြားပါပဲ။ လတ်တလောမှာတော့ သူမက Show ပွဲတွေမှာဖျော်ဖြေနေ တာဖြစ်ပြီး ကိုယ်ပိုင်တေးစီးရီးခွေကိုလည်း မကြာခင်မှာထုတ်ဝေဖြန့်ချီတော့မှာပဲဖြစ်ပါတယ်။

သူမရဲ့ကိုယ်ပိုင်အခွေလေးကို ပရိတ်သတ်တွေဆီအရောက်ပို့ပေးဖို့သူမက အများကြီးကြိုးစား ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။ သူမနဲ့အတူပြိုင်ပွဲဝင်ခဲ့ပြီး Myanmar Idol Winner ဆုကိုရရှိ ပိုင်ဆိုင်သွားတဲ့ သားငယ်ရဲ့အခွေလေးကို အရင်ထွက်ဖို့စောင့်နေတာမို့ သားငယ်ရဲ့တေးစီးရီး အခွေထွက်ရှိပြီးမှပဲ သူမရဲ့အခွေလေးကို ပရိတ်သတ်တွေဆီ ချပြပေးမယ်လို့ဆိုပါတယ်။ သီချင်းအမြည်းလေးတွေကို ပရိတ်သတ်ဆီချမပြပေးတာကလည်း သူမရဲ့ပရိတ်သတ်တွေကို Surprise လုပ်ချင်တဲ့သဘောလို့ ဆိုပါတယ်။

သူမကယခုလက်ရှိထိ ကိုယ်ပိုင်သီချင်းကိုမသီဆိုမဖျော်ဖြေနိုင်သေးပဲ သူမရဲ့စီနီယာဖြစ်တဲ့ အဆိုရှင်များရဲ့ တေးသီချင်းကိုသာသီဆိုနေရတာဖြစ်လို့ ပရိတ်သတ်တွေကိုလည်း အားနာ တယ် လို့ဆိုပါတယ်။ သူမကိုယ်သူမလည်းအားမရဘူးလို့ Interview တစ်ခုမှာထပ်မံပြော ကြား သွားပါ သေးတယ်။ သူမရဲ့တေးစီးရီးလေးကို ပရိတ်သတ်တွေဆီချပြတော့မှာဖြစ်လို့ ပရိတ်သတ်ကြီးကလည်း သူမကိုအားပေးကြပါဦးလို့ ပြောသွားပါသေးတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။