ရှမ်းပြည်နယ်၊တောင်ကြီးမြို့ အ.ထ.က(၅) အထက်တန်းကျောင်းတွင် တက်တူးထိုးထားတဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသားများကို တပ်ဆေးရုံတွင်သွားရောက်ဖျက်ခိုင်းတယ်ဟုသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်နေ့သောကြာနေ့လောက်ကစပြီး ၊ ရိုးရာဆေးမှင်ကြောင်များ၊ တက်တူးများ ထိုးထားသည့် ကျောင်းသား များအားတောင်ကြီးမြို့အရှေ့ပိုင်းတိုင်းလက်အောက်ခံစစ်ဆေးရုံတွင်အလှည့်ကျသွားရောက်ဖျက်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ အ.ထ.က(၅) ကျောင်းတွင် တက်တူးထိုးသည့်ကျောင်းသားလေးများ (၇၀) ခန့်ရှိပြီး တရက်လျင် ၃-၄ ဦးစီ စစ်ဆေးရုံသို့ခေါ်ဆောင်ကာတက်တူးဖျက်ပေးမှာဖြစ်တယ်လို့ ဆရာမ များကပြောပါတယ်။

ကျောင်းသားများ၏ တက်တူးမှာ အသဲပုံတက်တူး၊ အိမ်မြောင်ပုံတက်တူး၊ ပန်းပုံတက်တူးတို့အပြင်တချို့မှာ သျှမ်းရိုးရာ နမောကင် ခေါ် ဂါဋ္ဌာဆေးမှင်ကြောင်လည်းပါဝင်ကြောင်း၊ ၅ တန်းကျောင်းသားမှ (၁၀)တန်း ကျောင်းသား များဖြစ်ကြောင်း မူလတန်းပြဆရာမ တဦးကပြောပါတယ်။ ယခုကဲ့သို့ကျောင်းသားလေးများအား ထုံဆေးပေးတက်တူးဖျက်ခြင်းပြုလုပ်တာဟာပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီးအထက်တန်းကျောင်းသားများနှင့် တက်တူးမှာ မအပ်စပ်တာကြောင့်ဖျက်ခိုင်းခြင်းဖြစ်တယ်လို့ကျောင်းကော်မတီဝင်ဆရာမတဦးကပြောသည်။ 

အဆိုပါအထက်တန်းကျောင်းသားကလေးများအား ထုံဆေးပေးပြီးတက်တူးဖျက်ပေးတာဟာ စစ်မှုမထမ်းမနေရ စနစ်အတွက်ကြိုတင်ပြင်ဆင်ခြင်းလားဟုလည်းကျောင်းသားမိဘတချို့နှင့်ဆရာဆရာမတချို့ကပြောဆိုနေကြပါတယ်။မကြာသေးခင်က ပြဌာန်းထားတဲ့ အသက် ၁၈ နှစ် ပြည့်တဲ့နိုင်ငံသားအားလုံး စစ်မှု မထမ်းမနေရကိစ္စနဲ့ပတ်သက်နိုင်တယ်။မြန်မာ့တပ်မတော် စစ်ရာထူးခန့်ချုပ်ဆိုင်ရာ စည်းမျဉ်းမှာ တက်တူး ထိုးထားသူ ပါဝင်ခွင့်မရှိဘူး။ ဘာဘဲဖြစ်ဖြစ်ကျောင်းသားမိဘနဲ့အရင်ဆုံးတိုင်ပင်သင့်တယ်။ ကျောင်းဆောင်ပုဒ်ကိုက မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်းမဟုတ်လားဟု ကျောင်းသားမိဘတစ်ယောက်မှပြောပါတယ်။ 

တောင်ကြီးမြို့တွင် အခြေခံအထက်တန်းကျောင်း (အထက) ကျောင်း (၇) ကျောင်း ရှိသည့်အနက် ယခုအ ထ က (၅)တွင် ပထမ ဦးဆုံး တက်တူးဖျက်ခြင်း အစီအစဉ်ပြုလုပ်နေတာပဲဖြစ်ပါတယ်။အခြားကျောင်းများမှာတော့ ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိ သေး ကြောင်း ကျောင်းသားမိဘ များကပြောပါတယ်။ 

သတင်းအရင်းအမြစ် - ThitHtooLwin

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။