အဆိုတော်ရဲလေးကတော့ ပရိသတ်တွေနဲ့အတူ တစ်ကိုယ်တော် One Man Show ပွဲလေး ပြုလုပ်တော့မှာ ဖြစ်ပါတယ်..။

One Man Show ပွဲလေးကို ဒီဇင်ဘာ(၂)ရက် (စနေ)နေ့မှာ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်..။

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို “MY WORLD MY FAN MY SHOW” လို့ အမည်ပေးထားထားပြီး ဖျော်ဖြေပွဲ လက်မှတ်တွေကိုလည်း နိုဝင်ဘာ(၁၄)ရက်နေ့မှ စတင်ရောင်းချပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်..။

တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ သီချင်းတွေ အများကြီး သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး ပြိုင်ပွဲတွေနဲ့ ဂိမ်းအစီအစဉ်များလည်း ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး ပထမဆုံး One Man Show Tickets ဝယ်သူတဲ့ ပရိသတ်အယောက်(၁၀၀)ကိုလည်း ထူးထူးခြားခြားလေးတွေနဲ့ အထူးအခွင့်အရေးတွေလည်း အများကြီး ပြုလုပ်ထားတယ်လို့ သိရပါတယ်..။

ဖျော်ဖြေပွဲလက်မှတ်များကိုလည်း စတင်ရောင်းချပေးနေပြီး Standard ၊ VIP ၊ VVIP ဆိုပြီး သုံးမျိုး စီစဉ်ထားပြီး Standard ဈေးနှုန်းကတော့ ၉၀၀၀ ကျပ်၊ VIP ကိုတော့ (၂၀၀၀၀) ၊ VVIP ကတော့ (၃၀၀၀၀) လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်..။

ထိုဖျော်ဖြေပွဲလေးကို အခြားအနုပညာရှင်အဆိုတော်များကလည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပြီး အခြားအနုပညာရှင်တွေနဲ့အတူ နှင်းဆီ အဖွဲ့သားများ ဖြစ်ကြတဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျောကျော်ဗို၊ ထွန်းထွန်းတို့ကလည်း လာရောက် အားပေးကြည့်ရှု့ကြမှာ ဖြစ်တယ်လို့ သိရပါတယ်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော် ရဲလေးဟာ သီချင်းတွေကို ဆက်တိုက် သီဆိုဖျော်ဖြေနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင် နေတာ တွေ့ရပါတယ်..။

ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော် ရဲလေးဟာ သရုပ်ဆောင်ပိုင်မှာလည်း ပရိသတ် အားပေးမှုများရရှိထားပြီး “ဇွတ်ကျား” ရုပ်ရှင်ဇာတ်ကားကြီးမှာပါလည်း ပါဝင်သရုပ်ဆောင်ထားပြီး နှင်းဆီအဖွဲ့သားတွေနဲ့အတူ “Rose Rider” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်..။

လတ်တလောမှာလည်း သူ့ရဲ့ရှစ်ခွေမြောက် Album ရဲ့ MTV များရိုက်ကူးနေရင်း တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်..။

လာမယ့် (၂၀၁၈)ခုနှစ်မှာလည်း ကိုးခွေမြောက် Album အခွေ ထွက်ရှိမှာ ဖြစ်ပြီး Album ခေါင်းစဉ်ကိုတော့ စောသေးတဲ့အတွက် မပြောသေးပါဘူး.. ပြောလို့ရတဲ့ အချိန်ကျရင်လည်း ပရိသတ်တွေကို အသိပေးသွားမယ်လို့ သိရပါတယ်..။

နောက်ပိုင်းမှာလည်း ခွေတွေရော ၊ ရုပ်ရှင်ကားတွေနဲ့ ရှိုးတွေကိုလည်း ပုံမှန် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။