ပြီးခဲ့တဲ့နိုဝင်ဘာ(၁၁)ရက်နေ့ကပြုလုပ်ကျင်းပခဲ့တဲ့ Waterzonic Music Festival မှာဝတ်ဆင်ခဲ့တဲ့အဆိုတော်နှိုင်းဝမ်းရဲ့လူရိုင်းဝတ်စံလေးဟာပရိသတ်တွေအရမ်းကိုစိတ်ဝင်စားသဘောကျခဲ့ကြတာပါပဲဖြစ်ပါတယ်။တေးသံရှင်နိုင်းဝမ်းရဲ့ထူးခြားပြီးသဘောကျဖွယ်ကောင်းတဲ့ဝတ်စုံအကျီၤလေးရယ်လင်းယုန်အတောင်ပံအစစ်နဲ့ပြုလုပ်ထားတဲ့လူရိုင်းဝတ်စုံခေါင်းဆောင်းရယ်ဟာသူနဲ့အရမ်းကိုလိုက်ဖက်ပြီးမြင်တွေ့ရတာသဘောကျဖွယ်ဖြစ်လို့နေပါတယ်။သူရဲ့လူမှုကွန်ယက်မှာလဲလူရိုင်းဝတ်စုံလေးနဲ့ပုံရိပ်လေးတွေကိုမျှဝေခဲ့တာကြောင့်ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားသဘောကျခဲ့ရတာပဲဖြစ်ပါတယ်။အဆိုတော်နိုင်းဝမ်းဟာလက်တစ်လောပရိသတ်တွေအရမ်းကိုစိတ်ဝင်စားသဘောကျခဲ့ရတဲ့သူရဲ့လူရိုင်းဝတ်စုံအကြောင်းပြောပြခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုတော်နိုင်းဝမ်းဝတ်ဆင်ခဲ့တဲ့အကျီၤလေးဟာထိုင်းနိုင်ငံဖူးခတ်ကိုခရီးသွားတုန်းကဝယ်လာခဲ့တာပါလို့ဆိုပါတယ်။အဲ့ဒီအင်္ကျီလေးမှာကSixPackတွေနဲ့ရီရလို့အပျော်ဝယ်ခဲ့တာလို့ဆိုပါတယ်။သူငယ်ချင်းတွေကိုဝတ်ပြပြီးနောက်ချင်တာလဲပါလို့ဝယ်ခဲ့တာပါလို့ဆိုပါတယ်။နောက်ထပ်ပရိသတ်တွေစိတ်ဝင်စားတဲ့လင်းယုန်အတောင်ပံအစစ်နဲ့ပြုလုပ်ထားတဲ့လူရိုင်းခေါင်းဆောင်းလေးဟာလဲသူအရမ်းသဘောကျတဲ့ခေါင်းဆောင်းလေးဖြစ်တယ်လို့ဆိုပါတယ်။EDMပွဲတွေမှာတော်တော်များများဝတ်ဆင်လာပြီးအခုတစ်ခေါက်ဘာလီUTLRAပွဲသွားတုန်းလင်းယုန်အတောင်အစစ်နဲ့ရလို့အရမ်းသဘောကျတာကြောင့်ဝယ်ခဲ့တာပါလို့ဆိုပါတယ်။  

လက်တစ်လောကမှာတော့ပွဲရာသီဖြစ်တာကြောင်မြန်မာနိုင်ငံမြို့တော်တော်များများကိုပတ်ပြီးသီချင်းလေးတွေဆိုဖြစ်နေပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေစောင့်မျှော်နေကြတဲ့တစ်ကိုယ်တော်အခွေလေးကလဲဒီနှစ်ထွက်နိုင်မယ်လို့မျော်လင့်ထားပေမယ့်သေချာကြိုးစားပြင်ဆင်နေတာကြောင့်နောက်နှစ်ချစ်သူများနေ့လောက်မှထွက်ဖြစ်မယ်လို့ဆိုပါတယ်။ဒီနှစ်ကုန်လောက်မှာတော့ပရိသတ်တွေအတွက်"နင်သာရှိရင်(၂)"သီချင်းလေးကိုလက်ဆောင်ပေးပါမယ်လို့ဆိုပါတယ်။ပရိသတ်တွေအတွက်သီချင်းတွေအကောင်းဆုံးတင်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်ဗျာလို့ဆိုပါတယ်။လက်ရှိရေပန်းစားနေတဲ့နိုင်ဝမ်းရဲ့လူရိုင်းဝတ်စုံလေးနဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေသဘောကျနှစ်သက်စေဖို့မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - Nine One

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။