အနုပညာရှင်တွေရဲ့ သားသမီးတွေဟာ မိဘတွေ က အနုပညာအလုပ်တွေဘက် အာရုံစိုက်နေရပေမယ့်လည်း ပညာရေးမှာတော့ ထူးထူးချွန်ချွန်ရှိကြတာများပါတယ်။

နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော် ဟာ သမီးဖြစ်သူနဲ့အတူ နို၀င်ဘာလ(၁၅)ရက်က ILBC ကျောင်းမှာ အောင်စာရင်းသွားကြည့်နေတယ်ဆိုပြီး ဓာတ်ပုံလေးတွေတင်ထားပါတယ်။

ILBC မှာ ပညာသင်ယူနေတဲ့ သမီးငယ်ဖြစ်တဲ့ ထင်သစ္စာဟာ ဂုဏ်ထူး 5A နဲ့ အောင်သွားတဲ့အကြောင်းကိုလည်း ခင်ဇာခြည်ကျော်က သူမရဲ့ ကွန့်မန့်ထဲမှာ ဖြေထားတာတွေ့ရပါတယ်။

သားသမီးနှစ်ယောက်ရဲ့ မေမေ Single Mother တစ်ယောက်ဖြစ်တဲ့ မဇာလေးဟာ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီဖြစ်သလို သားသမီးတွေနဲ့လည်း အားလပ်ချိန်မှာ အချိန်ပေးလေ့ရှိပါတယ်။

ဆယ်ကျော်သက်သားသမီးတွေရှိပေမယ့်လည်း အရွယ်တင်နုပျိုနေသေးတဲ့ သူမဟာ အရင်လိုပဲ လှပကျော့ရှင်းနေတုန်းပါပဲ။

၀ါရင့်မင်းသမီး ခင်ဇာခြည်ကျော်ဟာ ငါသူတစ်ပါးယောကျာ်းမိန်းမဇာတ်ကားနဲ့ အကယ်ဒမီဆု ဆွတ်ခူးထားတာဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေ ယနေ့တိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အိမ်ထောင်ရေးကွာရှင်းထားပေမယ့် ကလေးတွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ သူမရဲ့အရည်အချင်းကိုတော့ မိခင်ကောင်းတစ်ယောက်အဖြစ် ချီးကျုးစရာပါပဲ ။

ပရိသတ်ကြီးလည်း မဇာလေးကိုချစ်ရင် သမီးဖြစ်သူအတွက် ဂုဏ်ပြုစကားတစ်ခွန်းပြောခဲ့ပါဦးနော်။ 

Source : Khin zarchi Kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။