ပျားရည်က တကယ့်ကို ဆေးဘက်ဝင်တဲ့ အစားအစာတစ်ခုပါ။ ပျားရည်ကို ကျန်းမာရေးအပြင် အလှအပရေးရာ အတွက်ပါ သုံးစွဲနိုင်ပါတယ်။ အိပ်ရာမဝင်ခင် ပျားရည်တစ်ဇွန်းသောက်ပေးခြင်းဖြင့် ရရှနိုင်တဲ့ ကောင်းကျိုးများကိုလည်း ဖော်ပြပြီး ဖြစ်ပါတယ်။ (http://www.myanmarload.com/news/13697 အဆိုပါ link တွင် ၀င်ရောက်လေ့လာနိုင်ပါတယ်)။ သို့သော် ပျားရည်ကို သုံးစွဲနေသူများအနေဖြင့် တွဲဖက် မစားသုံးသင့်သော အရာများလည်း ရှိပါတယ်။ 

အောက်ဖော်ပြပါ အချက်များကို ပျားရည်နှင့် တွဲဖက် မစားသုံးမိစေရန်အတွက် မဖြစ်မနေ သိထားသင့်ပါတယ်။

(၁) ပူနွေးနေသော အစားအသောက်များ

(၂) လက်ဖက်ရည်ပူ၊ ကော်ဖီပူ များ

(၃) မုန်လာဥဖြူ၊ မုန်လာဥဖြူ ဖျော်ရည်

(၄) ရေနွေးပူ

(၅) အသားများ၊ ငါးများ

(၆) ဆီများ (မည်သည့်ဆီမျိုးမဆို)

(၇) ထောပတ်

စတာတွေနဲ့ တွဲဖက် မစားသုံးသင့်ပါဘူး။ အစာအဆိပ်သင့်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေး ဆိုးကျိုးများစွာ ရရှိစေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ 

ထို့အပြင် ပျားရည်ကို ရေခဲသေတ္တာထဲမှာ မထားသင့်ပါဘူး။ မသိမ်းသင့်ပါဘူး။ ပျားရည်ကို တစ်နေ့လျှင် ထမင်းစားဇွန်း ၂ဇွန်း (သို့မဟုတ်) သုံးဇွန်းထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ပျားရည်သုံးစွဲမယ်ဆိုရင် အဆိုပါ ဆောင်ရန် ရှောင်ရန် အချက်များကို သိရှိစေရန်အတွက် သူငယ်ချင်း၊ မိတ်ဆွေများကိုလည်း ဗဟုသုတအဖြစ် ဝေမျှပေးခြင်းဖြင့် ကူညီလိုက်ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။