သူရဲ့အမေဟာအမှိုက်ပုံကနေကတ္တူစက္ကူတွေကောက်ပြီးပြန်လည်အသုံးပြုတဲ့နေရာတွေဆီမှာသွားရောင်းပြီးဝင်ငွေရှာခဲ့ရတာဖြစ်ပါတယ်။ ရလာတဲ့ပိုက်ဆံနဲ့မိသားစုကိုရှာဖွေကျွေးမွေးရတာလည်းဖြစ်ပါတယ်။အခုတော့အဲ့သည့်မိခင်ကမွေးဖွားကြီးပြင်းလာခဲ့ရတဲ့ကောင်လေးဟာ တောင်ကိုရီးယားမှာထိပ်တန်းစာရင်းဝင် အနုပညာရှင်ဖြစ်လာပြီး ထူးချွန်ဆုပေါင်းများစွာကိုလည်းရရှိထားသူဖြစ်နေခဲ့ပါတယ်။

သူကတော့ နာမည်ကျော်မင်းသားချော ဆိုအင်ဂွတ် ဖြစ်ပါတယ်။ဆိုအင်ဂွတ်ဟာဆိုရင် အလွန်ကိုဆင်းရဲတဲ့မိသားစုကနေမွေးဖွားခဲ့တာဖြစ်ပြီး ခက်ခက်ခဲခဲနဲ့ကိုရှင်သန်ကြီးပြင်းလာခဲ့ရတာလည်းဖြစ်ပါတယ်။သူဟာ ဘဝတိုက်ပွဲတွေကိုရင်ဆိုင်တိုက်ခိုက်ဖို့အတွက် သူ့ရဲ့မိဘတွေဆီကနေမယုံကြည်နိုင်စရာကောင်းလှအောင်ပြင်းထန်တဲ့စိတ်အင်အားတွေနဲ့သဘာဝကိုဂရုစိုက်တတ်မှုတွေကို သင်ကြားရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆိုအင်ဂွတ်ရဲ့အမေဟာဆိုရင် သူ့သားအနုပညာလုပ်ငန်းတွေစလုပ်သည့်တိုင်အောင် လမ်းတွေမျာရှိတဲ့အမှိုက်ပုံတွေကနေ ကတ္တူစက္ကူတွေကောက်ပြီးပိုက်ဆံရှာနေတုန်းဘဲဖြစ်ပါတယ်။

ဆိုအင်ဂွတ်ရဲ့အဖေအကြာင်းကိုလည်းရိုးသားစွာပြောပြထားပါသေးတယ်။ “ကျွန်တော်ငယ်စဉ်တုန်းက ကျွန်တော့်အဖေနဲ့အတူ ပင်လယ်ထဲမှာငါးဖမ်းခဲ့ဖူးပါတယ်။အဖေကကျွန်တော့်ကို ငါးဘယ်လိုဖမ်းရမယ် ငါးမျှားတံကိုဘယ်လိုပစ်ရမယ် စတာတွေကိုသင်ပေးခဲ့တာကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့လည်းပြောကြားခဲ့ပါတယ်။အဲ့သည့်အချိန်တေါကကြာခဲ့ပါပြီ။ဒါပေမဲ့အဖေ့ကိုခေါ်ပြီး ပင်လယ်ထဲမှာငါးသွားဖမ်းဖို့ခေါ်သွားပြီး ငါးမျှားနည်းကိုထပ်သင်ခိုင်းဦးမှာဖြစ်ပါတယ်..ပြီးတော့ အခုဆိုရင်အဖေကအသက်အတော်ကြီးနေပါပြီ ဒါ့ကြောင့်အဖေနဲ့အတူအချိန်တွေကိုကုန်ဆုံးသင့်ပါတယ် ပိုပြီးရင်းရင်းနှီးနှီးရှိသင့်နေပါတယ် လို့ ကြားရသူအပေါင်းကို ရင်ထဲမှာခံစားရအောင်ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။

ဆိုအင်ဂွတ်ဟာမိသားစုကိုတန်ဖိုးထားသူလည်းဖြစ်သလို မိသားစုကိုလည်းအလွန်ချစ်ခင်သူလည်းဖြစ်ပါတယ်။ဆိုရဲ့အမေကို သူမရဲ့အမည်နဲ့ကော်ဖီဆိုင်တစ်ဆိုင်ကိုဝယ်ပေးပြီး လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်သူ့ရဲ့ညီမမင်္ဂလာဆောင်မှာလည်း သီချင်းဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့သည့်ပွဲကိုဆိုရင် နာမည်ကျော်အဆိုတော်များဖြစ်သည့် လီဂျောင်ဆုတ်, SISTAR, MBLAQ, Girl’sDay,Ailee,VIXX,2AMနှင့် DalShabetတို့ကတက်ရာက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ကြိုးစားမှုတိုင်းဟာဘယ်တော့မှအချည်းအနှီးမဖြစ်ဘူးဆိုတာကို ဆိုအင်ဂွတ်ကသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။

Source - koreaboo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။