အိမ်ထောင်ရှင်မတွေအနေနဲ့ နေ့စဉ်နေ့အမျှ ဘာချက်ရမလဲဆိုတာ မနက်တိုင်း ခေါင်းခြောက်နေရမှာပါ။ ငါးကြိုက်တဲ့သူတွေအတွက် အထူးစပယ်ရှယ် ဟင်းတစ်ခွက်ဖြစ်တဲ့ ငါးတန်ခုတ်သား ဆားနယ်ချက် ချက်နည်းကို မျှဝေပေးချင်ပါတယ်။ အရင်ဆုံးဆားနယ်ပြီးမှ ချက်ရမှာမို့ အရမ်းမငန်သွားအောင်လည်း သတိထားဖို့လိုပါတယ်။ အရသာကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်ဖို့ သင့်အပေါ်မှာ အများကြီးမူတည်ပါတယ်။ အခုမှ ဟင်းချက်ခါစ လူတွေအတွက် ငါးတန်ချက်နည်းလေးကို ဖော်ပြလိုက်ပါတယ်။

ငါးတန်ခုတ်သားဆားနယ်ချက်

ဒီဟင်းပွဲကိုမချက်ခင်(၂)ရက်လောက်အလိုမှာ

ဝယ်ပြီးဆားများများနယ်ကာအိတ်အထပ်ထပ်

ထုပ်ပြီးလေးတဲ့အရာတစ်ခုဖိထားပေးရပါမယ်။

ငါးတန်ခုတ်သား............၂၅ကျပ်သား

ကြက်သွန်နီ.. .................၁လုံး

ခရမ်းချဉ်သီးမှည့်မှည့်........၅လုံး

ကြက်သွန်ဖြူ.. ................၇တက်

ငရုတ်သီးခွဲကြမ်း.. ...........၁ဇွန်း

ငရုတ်သီးစိမ်း................. ရတောင့်

နံနံပင်.. ........................အနည်းငယ်

စျေးကနေ၁လက်မအရွယ်တုံးခိုင်းပြီးဝယ်လာတဲ့ငါးတွေကိုရေစင်အောင်ဆေးပြီးစစ်ထားပါ။

ရေစစ်သွားလျှင်ဆားများများထည့်နယ်ပြီးသိပ်ပေးထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ကိုရောပြီးထောင်းပါ။

ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။

ငရုတ်သီးခွဲကြမ်း ဖတ်ရအောင်ကြိတ်ပါ(သို့)ထောင်းပါ။

ဒယ်အိုးတစ်လုံးရဲ့အောက်ခြေမှာငရုတ်သီးကြမ်းဖတ်ကိုဦးစွာထားပြီးထောင်းထားသောကြက်သွန်အရောထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်၊နနွင်းမှုန့်အနည်းငယ်နှင့်အရောင်တင်မှုန့်အနည်းငယ်ထည့်ပါ။အပေါ်ဆုံးကနေခရမ်းချဉ်သီးများဖြင့်ဖုံးအုပ်ပါ။

ဆီအနည်းငယ်လေးကိုပတ်လည်လောင်းထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးချက်ပါ။

ရေမခမ်း၊ဆီမပြန်သေးပဲအဖုံးမဖွင့်ရ၊မမွှေရ။

ရေခမ်း၊ဆီပြန်ပြီးအနှစ်ကျလာပြီဆိုမှအဖုံးဖွင့်ပြီးမွှေပေးပါ။ရေအနည်းငယ်လေးဝေ့ဝိုက်ပြီးထည့်ပါ။

ဆူလာလျှင်ဆားနယ်ထားတဲ့ငါးတွေကိုရေတစ်

ကြိမ်ဆေးပြီးမှထည့်ပါ။ငရုတ်သီးစိမ်းတွေလဲပါးပါးလှီးထည့်ပါ။

အဖုံးပြန်ပိတ်ထားပါ။ငါးအသားတွေနှုးပြီဆိုမှဖြေး

ညင်းစွာမွှေပေးပါ။ နံနံပင်(သို့)ပင်စိမ်းလေးအုပ်ထည့်ပြီးအဖုံးပြန်ဖုံးထားပါ။

မှတ်ချက်။ ဒီချက်နည်းအတွက်မီးရှိန်အေးရပါမယ်။စိတ်ရှည်ရပါမယ်။မီးရှိန်များများနှင့်ချက်ရင်ဟင်းအနှစ်တွေကနှောက်နေပြီးစားချင်ဖွယ်မဖြစ်တော့ပါဘူး။

ဟင်းချက်နညး်များ Page ကနေ ပရိသတ်တွေအတွက် ပြန်လည်လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်နော်။ 

Source :Winnaingthein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။